DVB Logo
Home
မြန်မာသတင်း
ပဲခူးရိုးမတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် အယောက် ၂၀ ထက် မနည်းသေဆုံး
DVB
·
December 24, 2022
ပဲခူးရိုးမတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် အယောက် ၂၀ ထက် မနည်းသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူခရိုင် ပဲခူးရိုးမမှာ  တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး နန္ဒအောင်နဲ့ အရာရှိတယောက် အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ပဲခူး PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်ကတည်းက စတင်ကာ တိုက်ပွဲတွေ ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားပြီး တောင်ငူခရိုင် PDFတပ်ရင်း ၃၅၀၁ ဘက်က တပ်ဖွဲ့ဝင် ၃ ယောက် ကျဆုံးကာ ရဲဘော်တယောက် ​မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့  ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Bago Region PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီဘက်က အမ်အေ-၂ စက်သေနတ် ၁ လက်၊ အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ် ၂ လက်၊ အမ်အေ-၃ ချေမှုန်းရေးရိုင်ဖယ် ၂ လက်၊ ၆၀-မမ ဗုံးသီး ၁ ခု၊ အာပီဂျီ ဗုံးသီး ၁ ခုနဲ့ ကျည်မျိုးစုံ ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးပြီး  ဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူ အယောက် ၁၀၀၀ ထက်မနည်း ဘေးကင်းရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ဟာ စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013