DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လက်မခံဟု စစ်ကောင်စီတုံ့ပြန်
DVB
·
December 24, 2022
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လက်မခံဟု စစ်ကောင်စီတုံ့ပြန်
Donate to DVB

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်လို့ လက်မခံတဲ့အကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ပါအချက်တွေဟာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်း ရေးအတွက် အပြုသဘော အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ၊  နိုင်ငံရေးသွတ်သွင်းရန် ရည်ရွယ်ထားတဲ့ အချက်တွေကိုသာ ဦးစားပေးထားတယ်လို့ လည်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တောင်းဆိုထားတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချက်မှတ်လိုက်တဲ့အပေါ်  အာဏာသိမ်း စစ်ကောင်စီက တုံ့ပြန်လိုက်တာပါ။

မြန်မာနိုင်ငံအခြေအနေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်လို့ အခုလို ဆုံးဖြတ်ချက်ချတာဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ မညီညွတ်ဘဲ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ အချက်များစွာ ပါဝင်တယ်လို့ ဆိုပါတယ်။

ကုလဆုံးဖြတ်ချက်မှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တည်ဆဲဥပဒေနဲ့ အညီဆောင်ရွက်နေကြောင်းနဲ့ NUG နဲ့ PDFs တို့ရဲ့ လုပ်ရပ်တွေကိုသာ ရှုတ်ချတားဆီးဖို့လိုကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံအကြောင့် မြန်မာနိုင်ငံကသာ အသိရှိဆုံးဖြစ်ပြီး ဖြေရှင်းနိုင်စွမ်းရှိကြောင်း၊ ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေနဲ့ ဖိအားတွေ ကြားဝင်ဆောင်ရွက်မှုတွေဟာ နိုင်ငံအများအပြားမှာ အောင်မြင်မှုမရရှိကြောင်း၊ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အားပေးထောက်ခံရမယ့်အစား၊ ပြည်တွင်းတည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေမယ့် ဖိအားပေးမှုတွေဟာ ဘယ်လိုမှအထောက်အကူမပြု ကြောင်းနဲ့ ဒီဆောင်ရွက်ချက်တွေကို လက်ခံမည်မဟုတ်ဘူးလို့  စစ်ကောင်စီကတုံ့ပြန်လိုက်ပါတယ် ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံးအကြိမ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဗီတိုအာဏာအသုံးပြုခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ကပါ ကန့်ကွက်ခဲ့ခြင်း မရှိပါဘူး။

Photo-MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013