DVB Logo
Home
မြန်မာသတင်း
ဖားကန့်အကျဉ်းထောင်ကို KPDF တပ်ဖွဲ့ ဝင်ရောက်စီးနင်း
DVB
·
December 24, 2022
ဖားကန့်အကျဉ်းထောင်ကို KPDF တပ်ဖွဲ့ ဝင်ရောက်စီးနင်း
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊  မဇွပ်ယန်ကျေးရွာမှာရှိတဲ့ အကျဉ်းထောင်ကို ဒီဇင်ဘာ ၂၃ ရက်က ဒေသကာကွယ်ရေးတပ် KPDF က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မဇွပ်ယန်အကျဉ်းထောင်ကို ည ၉ နာရီခွဲလောက်မှာ KPDF တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ အပြန်အလှန် မိနစ် ၂၀ လောက်ပစ်ခတ်မှုဖြစ်ခဲ့ပေမဲ့ ထောင်သားတွေနဲ့ နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးပါဘူး။ 

ဖားကန့်ဒေသခံတဦးက “ထောင်ထဲမှာဖြစ်တာဆိုတော့ အထိအခိုက်တော့ မသိရဘူး။ စစ်ကောင်စီတပ်က တိုက်ပွဲလည်းပြီးရော ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ရွာတွေဘက် ပစ်တာမျိုးတော့ ရှိတယ်” လို့ ပြောပါတယ်။ 

အကျဉ်းထောင်နဲ့ အကျဉ်းထောင်တဝိုက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၅ ချက်ထက် မနည်းပစ်ခတ်လို့ ဆန်ခါကျေးရွာ နှစ်ချင်းဘုရားကျောင်းဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ 

ဒါ့အပြင် ဆန်ခါကျေးရွာဘေးနား လုပ်ကွက်ဘေးကို လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ အသက် ၁၆ နှစ် အရွယ် အမျိုးသား ၁ ဦး နောက်ကျောဘက် အနည်းငယ် ထိရှပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတိုင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ခြောက်လှန့်ပစ်ခတ်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013