DVB Logo
Home
မြန်မာသတင်း
ရေးမြောက်ပိုင်းရှိ ကင်းစခန်းတခုကို ရေး PDF အဖွဲ့ ဝင်ရောက်တိုက်ခိုက်
DVB
·
December 24, 2022
ရေးမြောက်ပိုင်းရှိ ကင်းစခန်းတခုကို ရေး PDF အဖွဲ့ ဝင်ရောက်တိုက်ခိုက်
Donate to DVB

မွန်ပြည်နယ် ရေး-သံဖြူဇရပ်ကားလမ်းဘေးက  စစ်တပ်ကင်းစခန်းငယ်တခုကို ဒီဇင်ဘာ ၂၄ ရက် မနက် ၆ နာရီက ရေး PDF မြောက်ပိုင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့မှ ဗိုလ်ရန်နိုင်က ပြောပါတယ်။

ဒုံဖိကျေးရွာအုပ်စုက ကြိုးတံတားမှာ တပ်စွဲထားတဲ့စခန်းငယ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်သေဆုံးတာကိုတော့ လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီစခန်းဟာ စစ်တပ်ရဲ့ ရိက္ခာထောက်ပို့ သွားရာ လမ်းကြောင်းက လမ်းကင်းစခန်း ဖြစ်တာကြောင့် အခုလို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန် တပ်ရင်း ၅၈၈ က အမြောက်ပစ်ကူ ပေးခဲ့ပေမဲ့ ရေးမြောက်ပိုင်း PDF တွေ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ ခဲ့တယ်လို့ ဆိုပါတယ်။

၅၈၈ တပ်ရင်းရဲ့ လက်နက်ကြီးကြောင့် ကြိုးတံတားရွာ  ဘုန်းကြီးကျောင်းဝင်းမှာ ရှိတဲ့ နေအိမ်ပေါ်ကျ မှန်ခဲ့ရာ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း မွန်ပြည်နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တရက်တည်း စစ်ကောင်စီ တပ်ကို နေရာ ၄ နေရာမှာ ချုံခိုတိုက်ခိုက်ခဲ့လို့ ၁၈ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အောင်သပြေရွာ ဘုရာနားမှာ ကင်းပုန်းဝပ်ဖို့ လာတဲ့စစ်ကြောင်စီတပ်ကို မနေ့က မွန်းလွဲ ၁ နာရီ ၄၂ မိနစ်မှာ ပထမအကြိမ် ချုံခို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သလို မွန်းလွဲ ၂ နာရီမှာလည်း ရေးမှ သံဖြူဇရပ်ကို လာတဲ့ စစ်ကား ၈ စီးကို ဘေးလမိုင်းရွာနဲ့ အေးကမ္ဘာရွာ ကြားမှာ ဒုတိယအကြိမ် ထပ်မံခြုံခိုမိုင်းဆွဲရာမှာ ၁၂ ဦး သေဆုံးပြီး အများ အပြား ဒဏ်ရာရခဲ့ကာ ကား ၁ စီး ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ထပ်မံပြီး ညနေ ၃ နာရီခွဲမှာ သံဖြူဇရပ်မှ ရေးကို ဆင်းလာတဲ့ စစ်ကား ၁၀ စီး နဲ့ ရေးမှ သံဖြူဇရပ်ကို တက်လာတဲ့ စစ်ကား ၃  စီးတို့ မျက်နှာချင်းဆိုင်မိချိန် ပိန်နဲတောရွာနားမှာ တတိယအကြိမ် ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး  ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ  ညနေ ၃ နာရီ ၅၀ မိနစ်မှာ သံဖြူဇရပ်မှ ရေးဘက်ကို ဆင်းလာတဲ့ စစ်ကားငယ် ၂ စီး ကို ကလိန်ပဒေါရွာ နဲ့ ပျော်သာယာရွာကြားမှာ  စတုထ္ထအကြိမ်  ချုံခိုမိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့လို့  ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး ကား ၁ စီးထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က တိုက်ပွဲတွေဖြစ်နေချိန် ခရီးသည်တင်ကားတွေလည်း နာရီပိုင်းကြာ ပိတ်မိနေခဲ့ပေမဲ့ ထိမှန်ဒဏ်ရာရတာတွေ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။ 

ရေးမြောက်ပိုင်းဘက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ PDF တွေ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

အဆိုပါဖြစ်စဥ်တွေကို စစ်ကောင်စီတပ်ဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013