DVB Logo
Home
မြန်မာသတင်း
ကလေးနှင့်ပုလဲမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ
DVB
·
December 24, 2022
ကလေးနှင့်ပုလဲမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အရှေ့ပိုင်း ကံပုလဲကျေးရွာမှ ကလေးမြို့နယ်တောင်ပိုင်း နည်းပညာ တက္ကသိုလ်(ကလေး)ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ကလေး PDF  အဖွဲ့က ပြောပါတယ်။

ပေါက်ခုံနဲ့ ထိုမာကျေးရွာကြားမှာ PDF(Kalay) အသင့်တပ်ဆင်ထားတဲ့ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ယောက် အပြင်းထန် ထိခိုက်သွားကြောင်း၊ မိုင်းဆွဲခံရပြီးနေက် စစ်ကောင်စီတပ်က မိုင်းဖောက်ခွဲရာ အနီးဝန်းကျင်ကို ၁၀ မိနစ်လောက် ပစ်ခတ်ခဲ့ပြီး နည်းပညာတက္ကသိုလ်(ကလေး) ထဲ  ဝင်ရောက်သွားခဲ့တယ်လို့ ကလေး PDF က ပြောပါတယ်။

မိုင်းဆွဲမှုအပြီးမှာ ကလေးမြို့ဘက်ကနေ လူနာတင်ယာဉ်တွေ ရောက်ရှိလာပြီး ဒဏ်ရာရ စစ်သားတွေကို နည်းပညာတက္ကသိုလ်(GTC)ကနေ ကုတင် ၁၀၀ တပ်ဆေးရုံကို သယ်ဆောင် သွားတာ မြင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက်ည ၈ နာရီလောက်က ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်က ထွေ/အုပ်ရုံးနဲ့ မြို့မရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် သခင်ဒေါင်းညိုက ပြောပါတယ်။

“လက်နက်ကြီး အလုံး ၄၀ နီးပါးလောက် ပစ်ခဲ့တယ်။ အသေအပျောက် မသိရသေးဘူး။ ကျနော်တို့အဖွဲ့ကတော့ အထိအခိုက် မရှိခဲ့ဘူး။” 

အခု ပစ်ခတ်မှုကို သခင်ဒေါင်းညိုအဖွဲ့၊ မုတ်ဆိုးလေးအဖွဲ့၊ M7PTA အဖွဲ့၊ နဂါးနီအဖွဲ့၊ MRG အဖွဲ့၊ ဆင်ရိုင်းအဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013