DVB Logo
Home
မြန်မာသတင်း
YFA အထည်ချုပ်စက်ရုံ အလုပ်သမားများထံမှ ဖြတ်ထားသည့် ကျွမ်းကျင်ကြေး ပြန်ထုတ်ပေး
DVB
·
December 23, 2022
YFA အထည်ချုပ်စက်ရုံ အလုပ်သမားများထံမှ ဖြတ်ထားသည့် ကျွမ်းကျင်ကြေး ပြန်ထုတ်ပေး
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ YFA အထည်ချုပ်စက်ရုံ အလုပ်သမားတွေဆီက ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်ကြေးတွေကို ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ ပြန်ထုတ်ပေးတယ်လို့ အဲဒီစက်ရုံအလုပ်သမားတချို့ဆီက သိရပါတယ်။

YFA အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကို အလုပ်ကရပ်ဆိုင်းခဲ့သလို ကျွမ်းကျင်ကြေးတွေကိုပါ ဖြတ်တောက်ထားခဲ့တာပါ။

YFA စက်ရုံ အလုပ်သမားတဦးက “ဒီနေ့စပြီးတော့ ထုတ်ပေးတာ။ မြို့နယ်အလုပ်သမားရုံးမှာ ဝန်ထမ်းကတ်ပြပြီး ထုတ်ရတာ။ လက်မှတ်ထိုးတောင်းထားတဲ့ အလုပ်သမားတွေကိုပဲ ထုတ်ပေးတာလို့ သိရတယ်” လို့ ပြောပါတယ်။

YFA စက်ရုံမှာ အလုပ်သမား ၁၅၅ ဦး လုပ်ကိုင်တာဖြစ်ပြီး ၁၃၃ ဦးက ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်ကြေး ပြန်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။

အလုပ်သမားတဦးကို ကျွမ်းကျင်ကြေး ကျပ် ၃၀,၀၀၀ လောက် ပြန်ရတာဖြစ်ပြီး ကိုယ့်ရပိုင်ခွင့် တောင်းဆိုနိုင်လို့ ရရှိတာဖြစ်ကြောင်း အဲဒီစက်ရုံ အလုပ်သမားတွေအတွက် ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ဒီနေ့ထုတ်ပြန်ပါတယ်။

ကျွမ်းကျင်ကြေးတွေကို ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာလည်း ဆက်ပြီး ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

စက်ရုံဘက်က ကျွမ်းကျင်ကြေးတွေ ပြန်ထုတ်ပေးပေမဲ့ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်တဲ့အတွက် အလုပ်သမားတွေကို နို့တစ်ကြေးတလစာ ထုတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ခုံသမာဓိအဖွဲ့ထံမှာ ဖြေရှင်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013