DVB Logo
Home
မြန်မာသတင်း
ရသေ့တောင် စစ်ဘေးရှောင်များကို စစ်ကောင်စီက ငွေပေးပြီး နေရပ်ပြန်ခိုင်း
DVB
·
December 23, 2022
ရသေ့တောင် စစ်ဘေးရှောင်များကို စစ်ကောင်စီက ငွေပေးပြီး နေရပ်ပြန်ခိုင်း
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီအုပ်ချုပ်ရေးက  မနေ့ ဒီဇင်ဘာ ၂၂ ရက်ကစလို့  ငွေပေးပြီး နေရပ်ပြန်ခိုင်းနေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရသေ့တောင်မြို့နယ် ထွေအုပ်က ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ စစ်ဘေးရှောင်ပြည်သူတွေကို ခေါ်ယူပြီး ငွေ ၆ သိန်းကျပ်နဲ့ ဆန်တအိတ် ထောက်ပံ့ပေးမယ်လို့ ပြောဆိုပြီး နေရပ်ပြန်ခိုင်းနေတာလို့ ရသေ့တောင်မြို့နယ်မှ ဒေသခံပြည်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့၊ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေတဲ့ ရွာတွေကို စစ်ကောင်စီရဲ့ အစီအစဥ်နဲ့ ကယ်ဆယ်ရေးစခန်း ဆောက်လုပ်ထားရှိဖို့နဲ့ မိမိသဘောဆန္ဒအရ နေရပ်မပြန်တဲ့သူတွေကိုတော့ ဘယ်အဖွဲ့အစည်းကမဆို စားနပ်ရိက္ခာ အကူအညီ လုံးဝမပေးရဆိုပြီး အချက် ၃ ချက် ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရသေ့တောင်မြို့ သင်္ချိုင်းနားက သိမ်းယူထားတဲ့ စစ်မှုထမ်းဟောင်း မြေနေရာမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေကတော့ စစ်ကောင်စီကထားရှိတဲ့ နေရာမှာ နေထိုင်မယ်လို့ သဘောတူညီမှု ရရှိသွားကြတယ်လို့ ပြောပါတယ်။

ဗိမာန်ဘုန်းကြီးကျောင်း၊ ရွှေပါရမီကျောင်းနဲ့ ပြည်လုံးချမ်းသာကျောင်းဘက်က စစ်ဘေးရှောင်တွေကိုတော့ စစ်ကောင်စီဘက်က ခေါ်ယူပြောဆိုတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“ကျနော်တို့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေဖြစ်ပွားလို့ ဘေးလွတ်ရာကို ထွက်ပြေးလာကြတာဖြစ်ပြီး စစ်ကောင်စီဘက်ကပေးမယ့် ငွေ ၆ သိန်းကျပ်နဲ့ ဆန်တအိတ်ကလည်း သုံးလိုက်ရင် ကုန်သွားမှာပဲ။ တိုက်ပွဲတွေ ဘယ်နေ့ပြန်ဖြစ်မယ် ဆိုတာလည်း ဘယ်သူမှ အာမခံချက်ပေးနိုင်မှာ မဟုတ်တဲ့အတွက် အများစုကတော့ နေရပ်မပြန်ချင်ကြဘူး။”

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၈ ရက်အထိ စစ်ဘေးရှောင် အရေအတွက် ၂၃,၇၀၀ လောက် တိုးလာပြီး အရင်စစ်ဘေးရှောင်အရေအတွက်နဲ့ ပေါင်းရင် စစ်ဘေးရှောင်ပြည်သူ ၉၈,၅၀၀ လောက် ရှိတယ်လို့ ဒီဇင်ဘာ ၈ ရက်မှာ UNOCHA က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013