DVB Logo
Home
မြန်မာသတင်း
၈၈(ငြိမ်း/ပွင့်) အဖွဲ့ဝင် မနုနုအောင်၊ မခက်ခက်အောင်နှင့် သားဖြစ်သူတို့ကို စစ်ကောင်စီက ထောင် ၁၅ နှစ်စီချ
DVB
·
December 23, 2022
၈၈(ငြိမ်း/ပွင့်) အဖွဲ့ဝင် မနုနုအောင်၊ မခက်ခက်အောင်နှင့် သားဖြစ်သူတို့ကို စစ်ကောင်စီက ထောင် ၁၅ နှစ်စီချ
Donate to DVB

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် မနုနုအောင်၊ မခက်ခက်အောင်နဲ့ သားဖြစ်သူ ကိုမြတ်သူတို့ကို ကျိုက်မရောအကျဉ်းထောင် တရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့  ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီး ချမှတ်လိုက်တယ်လို့ မိသားစုထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က ကရင်ပြည်နယ်၊ ဘားအံကို ဆေးကုသဖို့သွားရောက်တဲ့ သူတို့ ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဒီနေ့မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) အတွက် ထောင်ဒဏ် ၁၀ နှစ်စီနဲ့ ပုဒ်မ ၅၁ (ဂ) အတွက် ‌ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တာကြောင့် စုစုပေါင်းထောင်ဒဏ် ၁၅ နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

မနုနုအောင်က ကျမ်းမာရေးမကောင်းသူဖြစ်ပြီး အဖမ်းခံရတုန်းကလည်း လေဖြတ်မယ့် အခြေအနေရှိလို့ ဆေးကုသမှုခံယူဖို့ ဆေးရုံကိုသွားရောက်စဉ် အဖမ်းခံရတာဖြစ်ပြီး အခုကလည်း ထောင်ထဲမှာ ဆေးဝါးမပြည့်စုံမှာနဲ့ သူ့ကျန်းမာရေးအတွက် အရမ်းစိုးရိမ်နေရတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

မနုနုအောင်နဲ့ မခက်ခက်အောင်ဟာ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှာ တောင်သူလယ်သမားရေးရာဌာနနဲ့ ကလေးသူငယ်ရေးရာဌာနတွေကို တာဝန်ယူ ဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013