DVB Logo
Home
မြန်မာသတင်း
ကမာရွတ်မြို့နယ် စာရင်းစစ်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
December 23, 2022
ကမာရွတ်မြို့နယ် စာရင်းစစ်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဆီစက်လမ်းရှိ မြို့နယ်စာရင်းစစ်ရုံးကို ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်က လက်ပစ်ဗုံးအကြီးစားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force (FLA) ကနေ သိရပါတယ်။

Freeland Attack Force တာဝန်ရှိသူက “လမ်းမတော်ဘက်ကို သူတို့ အကောင်ကြီးကြီး တကောင် လာမယ်ကြားလို့ လုံခြုံရေးကားတွေက မနက်တည်းက တင်းကျပ်နေတာ၊ ခြေရှုပ်နေတာ။ ပထမကတော့ ကျနော်တို့ လမ်းကြောင်းပြောင်းမလို့ လုပ်နေရာကနေ မပြောင်းတော့ဘဲ သူတို့ကိုပတ်ရှောင်ပြီး နေ့လယ်မှာ လုပ်လိုက်တာ။ ကျနော်တို့ မစ်ရှင်လုပ်ပြီးပြီးချင်းပဲ DC နှစ်စီး၊ ဂျစ်ကား ၂ စီးနဲ့ စခတွေ အင်အား ၁၅ ယောက်လောက် ချက်ချင်းရောက်လာတယ်” လို့ ပြောပါတယ်။

ဒီနေ့မစ်ရှင်ကို Freeland Attack Force နဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Emerald Girls Army (EGA)၊ Revolution of 21 Century အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ရေးအဖွဲ့တွေ ထိခိုက်မှုမရှိပေမဲ့ စစ်ကောင်စီလက်အောက်ခံ စာရင်းစစ်ရုံး အတွင်းမှာတော့ ထိခိုက်မှုရှိနိုင်တယ်လို့ Freeland Attack Force ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ဒီနေ့က ရုံးဖွင့်ရက်ဆိုတော့ အထဲမှာ ဝန်ထမ်းတွေရှိတယ်။ သူတို့ကားတွေ ချက်ချင်းရောက်ပုံကြည့်ရင် ထိခိုက်မှုရှိနိုင်တယ်။ စစ်တပ်ရဲ့ လက်အောက်ခံမှန်သမျှက ပြည်သူကို ဒုက္ခပေးနေတာ၊ ကြီးကြီးပေးတာနဲ့ သေးသေးပေးတာပဲ ကွာတာ။ ဘာလို့ စစ်တပ်ကိုပဲ မလုပ်လဲဆိုရင် အဓိကဒေါက်တိုင်တွေ ဖြိုချင်တာ။ သူတို့တောင် ကျနော်တို့ဘက်က ထောက်ပို့တွေကို ဖမ်းဆီးသေးတာပဲ။ စစ်တပ်ကို အင်အားချည့်နဲ့စေချင်လို့ အခုလို ဒေါက်တိုင်တွေကို ဖြိုတာပါ။”

Freeland Attack Force အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ဒီဇင်ဘာ ၂၂ ရက်ကလည်း တာမွေမြို့နယ်ထဲက အရှေ့မြင်းပြိုင်ကွင်းအနီးမှာရှိတဲ့ စစ်ကောင်စီကင်းတဲကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013