DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ဟတ်ယိုင်တွင် မြန်မာအလုပ်သမား ၆၀ ကျော် ရေဘေးသင့်ပြီး အခက်ကြုံနေ
DVB
·
December 23, 2022
ထိုင်းတောင်ပိုင်း ဟတ်ယိုင်တွင် မြန်မာအလုပ်သမား ၆၀ ကျော် ရေဘေးသင့်ပြီး အခက်ကြုံနေ
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးမှုကြောင့်  မြန်မာဆောက်လုပ်ရေးလုပ်သား ၆၀ ကျော် ရေဘေးသင့်ပြီး စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရပါတယ်။ 

ဒီဇင်ဘာ ၁၈ မှ ၂၀ ထိ ၃ ရက်တာ ရေကြီးမှုကြောင့် ဟတ်ယိုင်မြို့ နားမွန်းရပ်ကွက်  ချိုတီဝပ်တနင်္ဂနွေဈေးအနောက်ဘက်ကဆောက်လုပ်ရေးအလုပ်သမား တန်းလျားမှာ ရေခဲသေတ္တာ ၊ ပန်ကာ၊ စောင်၊ အဝတ်အစား၊ အိုးခွက်ပန်းကန်တွေ အကုန်မျောပါသွားကြောင်း၊  ရေပြန်ကျသွားတော့ အစစအရာရာ တစ်ကနေပြန်စနေရကာ  ဒီကြားထဲအလုပ်မလုပ်ရတော့ ငွေကြေးအခက်အခဲ လည်းရှိနေတယ်လို့ ရေဘေး သင့်အလုပ်သမားတွေ သွားရောက်ကူညီနေတဲ့ ဟတ်ယိုင်မြို့ IBEC SWO လူမှုကူညီရေးအသင်းမှ ကိုသားကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“အခုတော့ ရေပြန်ကျသွားပြီခင်ဗျ။ ဒါပေမဲ့  သူတို့အသုံးအဆောင်ပစ္စည်း အဝတ်အစားတွေရော အကုန်ရေထဲပါသွားတာ၊ ရေခဲသေတ္တာတောင်မှ ဟိုးခြံစည်းရိုးနား ထိမျောသွားတာ၊ ဘာမှမကျန်တော့ အစစအရာရာလိုအပ်ပါတယ်၊  ထိုင်းလူမှုရေးအဖွဲ့ လည်းကူညီတယ်၊ ဒါပေမဲ့ ထိထိရောက်ရောက်တော့မရှိဘူးပေါ့။ ကျနော်တို့မြန်မာ အလုပ်သမားအချင်းချင်းက ဝိုင်းပြီးကူညီကြရတာပေါ့။”

ထိုင်းတောင်ပိုင်း ခရိုင်တွေမှာ ခုရက်ပိုင်းတွင်း အခါမဲ့မိုးသည်းထန်စွာရွာ သွန်းတာ ကြောင့်ရေကြီးမှုပြဿနာနဲ့ ကြုံတွေ့နေရပါတယ်၊ တောင်ပိုင်းမှာလည်း မြန်မာအလုပ်သမားတွေ များစွာဝင်ရောက်လုပ်ကိုင်နေတာကြောင့် ရေဘေးသင့်သူတွေလည်းရှိနိုင်တယ်လို့ ဆိုပါတယ်။ 

IBEC SWO လူမှု ကူညီရေးအသင်းမှအနေနဲ့တော့ လက်လှမ်းမီသလောက်သာ ကူညီနိုင်ကြောင်း ၊ ထိုင်းနိုင်ငံရောက်မြန်မာတွေအနေနဲ့ ရေဘေးသင့်မြန်မာလုပ်သားတွေကို ကူညီလိုပါက ဖုန်းနံပါတ် ၀၉ ၅၀၇၉၅၄၁၉ ကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။

ဆုန်ခလာခရိုင်မှာ မြို့နယ်ပေါင်း ၅ မြို့နယ်၊ ၁၁၃ ရပ်ကွက်၊ ၇၆၄ ရွာက အိမ်ထောင်စုပေါင်း ၆၅၁၁၂ စုရေဘေးသင့်ခဲ့ပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကူညီရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းတောင်ပိုင်း ခရိုင်ပေါင်း ၉ ခုမှာ ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ပြီး  တချို့နေရာမှာ ရေပြန်ကျသွားပေမယ့် ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်အထိ ခရိုင် ၆ ခုမှာ ရေပြန်ကြီးနေပါတယ်။

ရေကြီးနေတဲ့ ခရိုင်တွေကတော့ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ပတ္တနီ၊ ယာ့လားနဲ့ နရာသီဝပ်တို့ဖြစ်ပြီး မြို့နယ်ပေါင်း ၄၂ မြို့နယ်၊ ၂၅၅ ရပ်ကွက်၊ ၁၄၈၅ ရွာက အိမ်ထောင်စုပေါင်း ၁၅၅၅၅၂ စု ရေဘေးသင့်နေတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကူညီရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013