Home
မြန်မာသတင်း
ပုသိမ်မြို့တွင် နာရေးကားကို ခရီးသည်တင်ကားဝင်တိုက်၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရ
DVB
·
December 23, 2022
321567626_573179761305399_3368715719333294029_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က မေတ္တာစမ်းရေလူမှုကူညီရေးအဖွဲ့ရဲ့ နာရေးတင်ကားကို ဇွဲမှန်လုံခရီးသည်တင်ကားက နောက်ကနေ ဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကုန်းကြီးကျေးရွာနေ ကွယ်လွန်သူ ဦးစိန်မြင့် အသက်(၆၅) နှစ်ရဲ့ အလောင်းကို နာရေးကားထဲ ထည့်နေချိန်မှာ ပုသိမ် ချောင်းသာ ပြေးဆွဲတဲ့ ဇွဲမှန်လုံခရီးသည်တင်ကားက နောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဒေသခံပရဟိတအဖွဲ့တွေက ပြောပါတယ်။

''ဘာကြောင့်တိုက်တယ်ဆိုတာတော့ မသိဘူး၊ အရှိန်တော့ပြင်းတယ်။ အရင်ဆုံး ကားတစီးကို တိုက်မိပြီးမှ အလောင်းသယ်ကားကိုတိုက်မိတာ။ အမျိုးသမီးတဦးလည်း မျက်ခုံး ကွဲသွားတယ်၊ ခုထိ ဘာမှမကူညီပေးသေးဘူး'' လို့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။

ချောင်းသာ ပြေးဆွဲတဲ့ ဇွဲမှန်လုံခရီးသည်တင်ကားရဲ့ ဝင်တိုက်မှုကြောင့် မေတ္တာစမ်းရေ လူမှုကူညီရေးအဖွဲ့ ရဲ့ နာရေးတင်ကားနောက်ခြမ်းနဲ့ အလောင်းထဲတဲ့ အအေးခေါင်းသေတ္တာလည်း ပျက်စီးခဲ့သလို အသင်းသူတဦးနဲ့ နောက်ထပ်အမျိုးသမီးတဦးတို့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ဦးကိုတော့ မေတ္တာစမ်းရေလူမှုကူညီရေးအဖွဲ့ရဲ့ လူနာတင်ကားနဲ့ပဲ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024