Home
မြန်မာသတင်း
မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈ လုံး ဆုံးရှုံး
DVB
·
December 23, 2022
321444410_546682334038364_317600782354029957_n

မကွေးမြို့နယ် ထုံးပေါက်တော (မြောက်)ရွာမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထုံးပေါက်တော(မြောက်)ရွာမှာ ဒီနေ့မနက်အစောပိုင်း ၁၂ နာရီ ၅ မိနစ်လောက်က မီးကြွင်းမီးကျန်ကနေတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၈ လုံး၊ နွားတင်းကုတ် ၂ လုံးနဲ့ ဆိုင်ကယ် ၆ စီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထုံးပေါက်တောကျေးရွာဒေသခံတယောက်က ပြောပါတယ်။

ထုံးပေါက်တောကျေးရွာက ကိုဝင်းထွန်းရဲ့နေအိမ် မီးကြွင်းမီးကျန်ကနေ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းရတာဖြစ်ပြီး မကွေးမြို့က မီးသတ်ကား ၄ စီး၊ ပရဟိတကားတွေ၊ ရွာသူရွာသားတွေ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြလို့ မနက် ၁၂ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။

မီးကို ပေါ့ဆစွာ အသုံးပြုတဲ့ ကိုဝင်းထွန်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး မီးပေါ့ဆမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024