Home
မြန်မာသတင်း
လယ်ယာမြေပြဿနာ ဖြေရှင်းပေးရန် နတ်မောက် လယ်သမားများ ဆန္ဒပြ
DVB
·
May 21, 2014
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကြာကန်ကျေးရွာမှာ သိမ်းဆည်းခံ လယ်ယာမြေပြဿသနာ ဖြေရှင်းပေးဖို့ လယ်သမားတွေက ဆန္ဒပြတောင်းဆိုပါတယ်။ ၂၀၀၇ ခုနှစ်က ဒီရွာတွေမှာ ဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်ဖောက်ခဲ့သလို ၂၀၁၀ နတ်မောက်- မကွေး မီးရထားလမ်းဖောက်လုပ်ရာမှာလည်း လယ်ယာမြေတွေ အသိမ်းခံရတာ၊ မကွေး လေတပ်စခန်း ဌာနချုပ်က လေယာဉ်ကွင်း အတွက် လယ်ယာမြေတွေ သိမ်းခံရတာတွေမှာ နစ်နာကြေးမရတဲ့ အတွက် ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုတာလို့ ကြာကန်ရွာက ဆန္ဒပြခေါင်းဆောင် ကိုဇော်မင်းထိုက်က ပြောပါတယ်။ [caption id="attachment_57010" align="alignright" width="300"]Nat Mout ဓာတ်ပုံ - ကိုဖိုးဖြူ ဖေ့ဘုတ်[/caption] ဒီအတွက် လယ်ယာမြေဧက ထောင်နဲ့ချီထိခိုက်နစ်နာခဲ့ရတဲ့ ရွာပေါင်း ၁၉ ရွာက ရာချီတဲ့ လယ်သမားတွေက ခွင့်ပြုချက်ယူပြီး ဆန္ဒပြတောင်းဆိုတာလို့ ဆိုပါတယ်။ “ကျေးရွာမှာ တောင်သူတွေမှာ လူသေရင်တောင်မှ ညဘက်ပို့ရတဲ့ အတိုင်းအတာ ရှိတယ်။ မကွေးလေတပ်စခန်းဌာနချုပ်ကနေ ရွာပါ အုတ်တံတိုင်းတွေ ပိတ်ခတ်လိုက်တော့ တောသူတောင်သားတွေမှာ တော်တော့်ကို ဒုက္ခရောက်နေတယ်ပေါ့ဗျာ။ သူတို့ပိုင်တဲ့ လယ်မြေတွေကို ပိုက်ဆံ ၅ ထောင်ပေးပြီး လက်မှတ်ထိုးထားခိုင်းပြီး သိမ်းထားတယ်လို့ ကျေးရွာသူ ကျေးရွာသားတွေက ပြောပါတယ်။ ဒီနေ့မှာ ကျေးရွာသူ ကျေးရွာသားတွေ ဆန္ဒနဲ့အညီ ကျနော်တို့တွေ အားလုံးစုပေါင်းပြီး ဆန္ဒထုတ်ဖော်ပါတယ်။” ဒီလယ်ယာမြေသိမ်းခံရမှုတွေကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ကိုဖိုးဖြူက မြေသိမ်းသူတွေဟာ နောင်တချိန်မှာ စီးပွားဖြစ်လာလိမ့်မယ်ဆိုတဲ့ အမြင်နဲ့ ဒီမြေယာတွေကို သိမ်းယူထားတာလို့ ပြောပါတယ်။ “စီမံကိန်းလို့ အကြောင်းပြပြီး ဘာစီမံကိန်းမှလည်း လက်တွေ့မှာ အကောင်အထည် ပေါ်မလာပဲ ဒေသခံတွေ နစ်နာနေတာ ကြုံတွေ့ရတယ်။ ဒါ့အပြင် ဓာတ်ငွေ့ပိုက်လိုင်းကြီးကလည်း ဒီဒေသကနေ ဖြတ်သွားတယ်။ ဒါပေမယ့် လယ်ယာမြေထဲက ဖြတ်သွားပြီး လယ်မြေတွေ အတူးခံရပြီး ထန်းပင်တွေလည်း ပျက်ဆီးသွားပြီးတော့ ဘာလျော်ကြေးမှ မရတဲ့အခြေအနေကို တွေ့ရတယ်။ ဒါတွေကို ခြုံငုံကြည့်လိုက်မယ်ဆိုရင် အထက်မြန်မာပြည်အနေနဲ့ မြေသိမ်းဥပဒေနဲ့ ညီညွတ်ခြင်းမရှိတာကို သတိထား တွေ့မိပါတယ်။” အရင်စစ်အစိုးရလက်ထက်က အစိုးရ၊ စစ်တပ်နဲ့ဌာနဆိုင်ရာတွေက နိုင်ငံတ၀န်းက မြေဧကပေါင်း ၃ သိန်းကျော် သိမ်းဆည်းခဲ့တာကို အစိုးရသစ်လက်ထက်မှာ သိမ်းဆည်းလယ်ယာမြေ ပြန်ပေးရေးဆောင်ရွက်နေပေမယ့် ဖြေရှင်းကိုင်တွယ်ရမယ့် လယ်ယာမြေပိုင်ဆိုင်မှု ပြဿ နာ အများအပြား ကျန်နေသေးပြီး တောင်းဆို ဆန္ဒပြမှုတွေလည်း ဆက်တိုက် ဖြစ်ပွားနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024