DVB Logo
Home
မြန်မာသတင်း
တာမွေမြင်းပြိုင်ကွင်းအနီး စစ်ကောင်စီကင်းတဲ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ
DVB
·
December 22, 2022
တာမွေမြင်းပြိုင်ကွင်းအနီး စစ်ကောင်စီကင်းတဲ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ
Donate to DVB

ရန်ကုန်၊  တာမွေမြို့နယ်ရှိ အရှေ့မြင်းပြိုင်ကွင်းနဲ့ တောင်မြင်းပြိုင်ကွင်းလမ်းထောင့်မှာရှိတဲ့ မြားပစ်ကွင်းအမှတ် ၆ ဂိတ်ကင်းတဲကို ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ မနက် ၆ နာရီလောက်မှာ  ရန်ကုန် UG ပြောက်ကျားတိုက်ခိုက်ရေး အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force ထံက သိရပါတယ်။

Freeland Attack Force က တာဝန်ရှိသူက “ကျနော်တို့ အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ EGA( Emerald Girls Army) Revolution of 21 century အဖွဲ့တွေပူးပေါင်းပြီးလုပ်ဆောင်ခဲ့တာပါ။ ပုံမှန်ဆိုရင်တော့ အဲဒီကင်းတဲမှာ စခ နှစ်ယောက် သုံးယောက်လောက်ရှိတတ်တယ်၊ မနက်ကတော့ အထဲမှာရှိတာသိပေမဲ့ အတိအကျမသိလိုက်ဘူး အနားကပ်ပြီး မကြည့်နိုင်ခဲ့လို့၊ သူတို့ကင်းတဲနားကို ကပ်ကျတာဖြစ်လို့ ထိခိုက်တာတော့ ရှိတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက်ကိုယ်စားပြုပြီး လုပ်ဆောင်ခဲ့တာလို့ သိရပြီး တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်ပေမဲ့  ပါဝင်လုပ်ဆောင်တဲ့ ရဲဘောက်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Freeland Attack Force က တာဝန်ရှိသူက “ကျနော်တို့ တော်လှန်ရေးသမားတွေက အဖမ်းခံရရင် စစ်ကြောရေးတွေ ထောင်တွေထဲမှာ လူမဆန်အောင် နှိပ်စက်ခံရတယ်။ တချို့ဆို အသက်ပါပေးသွားရတယ်၊  အဲဒီသူတွေအတွက် လုပ်နိုင်တဲ့ဘက်က တရားမျှတမှု ပြန်ယူတဲ့သဘောပါ၊ တရားမျှတမှုက ဘယ်လောက်ယူယူမကျေပေမယ့် ရသလောက်ယူသွားမှာပါ။ မြို့ပြကတော့ မတိတ်ဆိတ်သွားပါဘူး၊ ကျနော်တို့လည်းရှိနေမှာ ကျတော်တို့ မရှိလည်း ဆက်က နေကြမှာ” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်ခဲ့မှုကြောင့် လမ်းသွားလမ်းလာတွေအနေနဲ့ သတိထားသွားလာဖို့နဲ့ အစစ်အဆေးတွေရှိနိုင်တဲ့အတွက် ဂရုစိုက်သွားလာကြဖို့ Freeland Attack Force အဖွဲ့က ပြည်သူလူထုကို ထပ်မံ သတိပေးပြောပါတယ်။

လမ်းသွားလမ်းလာပြည်သူတွေအနေနဲ့ စစ်ကောင်စီကင်းကဲတွေ၊ ရုံးတွေနဲ့ စစ်ကားတွေရဲ့ အဝေးမှာနေပေးကြဖို့နဲ့ ပြည်သူတွေ ထိခိုက်မှုမရှိအောင်လုပ်ဆောင်ရတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှုကြီးကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာကလ သမိုင်းလမ်းစုံမှာ ပြုလုပ်ခဲ့တဲ့မစ်ရှင်မှာ ပြည်သူနှစ်ဦး ထိခိုက်မှုရှိတဲ့နောက်ပိုင်း မစ်ရှင်တွေကို သတိထားလုပ်ဆောင် နေရကြောင်းလည်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013