DVB Logo
Home
မြန်မာသတင်း
ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယအကြိမ် ဝင်တိုက်
DVB
·
December 22, 2022
ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယအကြိမ် ဝင်တိုက်
Donate to DVB

တနင်္သာရီတိုင်း၊ ပလမြို့ရဲစခန်းကို ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဒုတိယကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်သူတွေက ပြောပါတယ်။

အင်အား ၃၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိနစ် ၃၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူတဦးက “စခန်းကို ဝင်တိုက်ဖို့က အစီအစဥ်မရှိဘူး၊ သူတို့ တိုရွာဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ ကျနော်တို့ ဝင်တိုက်ဖြစ်သွားတာ၊ ရဲစခန်းအနားထိ ဝင်ပစ်တာ၊ သူတို့ဘက်က ၃ ဦးကျတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ရဲစခန်းကို ဝင်မတိုက်ခင် အဲဒီနေ့ မနက် ၈ နာရီလောက်မှာတော့ ပလမြို့နဲ့ကပ်နေတဲ့ တိုကျေးရွာမှာ ထားဝယ်-ကော့သောင်း ကားလမ်းမကြီးတလျှောက် ခရီးသွားကားတွေကို စစ်ဆေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရောက်ရှိနေတဲ့အချိန် ပလမြို့ရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာခံအမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး တခြား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်ရောက် ကုသနေရပါတယ်။

တိုကျေးရွာကို ပလမြို့ရဲ့ အမှ​တ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်တွေအဖြစ် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က သတ်မှတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရွာခံတချို့ တိမ်းရှောင်နေကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ပလမြို့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013