DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် တရားမဝင်မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံရ
DVB
·
December 22, 2022
ရနောင်းတွင် တရားမဝင်မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံရ
1 / 4
Donate to DVB

ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ ၁ ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၉ ဦး ဖမ်းဆီးရမိတယ်လို့ ထိုင်းတပ်မတော် အမှတ် ၂၅ က ထုတ်ပြန်ပါတယ်။ 

ရနောင်းခရိုင် ကရပူရီမြို့နယ်က တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၂၀ ရက် မနက်အစာပိုင်းက ဘန့်နမ့်ကျစ်အုပ်စု ဖစ်ကဆဲမ်လမ်းမကြီးပေါ်မှာ လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် တိုယိုတာ ဟိုင်းလပ်ကား ၁ စီးနဲ့ ဆိုင်ကယ် ၁ စီးတို့ ရှေ့ဆင့်နောက်ဆင့်မောင်းနှင်လာပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်ပြေးသွားတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အနောက်ကနေလိုက်သွားရာမှာ အဆိုပါဆိုင်ကယ်နဲ့ကားဟာ ဒူးရင်းခြံထဲ ကွေ့ဝင်သွားပြီး တနေရာမှာရပ်လိုက်ကြောင်း၊ တာဝန်ရှိသူတွေ မှီလာတဲ့အခါ ကားမောင်းသမားနဲ့ ဆိုင်ကယ်မောင်းသမား ဒူးရင်းပင်တွေကြားကနေ အမှောင်ထဲထွက်ပြေးလွတ်မြောက်သွားခဲ့တယ် လို့ ဆိုပါတယ်။

ကားပေါ်မှာတော့ တရားမဝင်မြန်မာနိုင်ငံသား ၁၁ ဦး (အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃ ဦး) တို့ရှိနေကြောင်း၊ ထွက်ပြေးသွားသူတွေကတော့ ပွဲစားနဲ့ လမ်းပြဖြစ်ကာ ကားနဲ့ ဆိုင်ကယ်ထဲမှာ ထိုင်းမှတ်ပုံတင်တွေ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနေ့  နေ့ခင်းပိုင်းမှာတော့ ကရပူရီကနေ ချွန်းဖွန်းကိုသွားမယ့် လိုင်းကား ၁ စီးပေါ်ကနေ သက်တမ်းလွန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၃ ဦး (ကျား ၂ မ ၁) နဲ့ ကလေးတယောက် ဖမ်းမိခဲ့ပါတယ်။ အသက် ၆၆ နှစ်ရွယ် ထိုင်းယာဉ်မောင်းသမားကိုလည်း တရားမဝင်သူတွေတင်ဆောင်လာမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ 

ည ၁၀ နာရီခွဲချိန်မှာတော့ သတင်းပေးချက်ရထားတဲ့ ရနောင်းမြို့ ဘန်းလင်းရပ်ကွက် စက်ရုံဟောင်းတခုရဲ့ အနောက်ဘက်က တန်းလျားတခုကို သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အိမ်ခန်းတခုထဲမှာ တရားမဝင်မြန်မာ ၁၃ ဦးကို အထုပ်အပိုးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ 

အဆိုပါအိမ်ခန်းကို ငှားရမ်းထားတဲ့ အသက် ၇၂  နှစ်ရွယ် ထိုင်းအဘိုးအို ၁ ဦးကိုလည်း တရားမဝင်သူများအား ခိုလှုံနေထိုင်ခွင့်ပေးမှုနဲ့ အရေးယူဖို့ ဖမ်းထားတယ်လို့ ဆိုပါတယ်။ 

နောက်ထပ်တရားမဝင်သူတွေ ဝင်လာဖို့ရှိကြောင်း သတင်းရထားတာကြောင့် အဆိုပါတန်းလျားရှေ့မှာ စောင့်ဆိုင်းနေကြရာမှာ ဒီဇင်ဘာ ၂၁ မနက် ၂ နာရီလောက်မှာတော့ ဟိုင်းလပ်ကား ၁ စီး ထပ်ဝင်လာကြောင်း၊ ကားထဲမှာ တရားမဝင်မြန်မာအမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး လိုက်ပါလာပြီး ယာဉ်မောင်းနဲ့အတူ အားလုံးကို ဥပဒေအရအရေးယူဖို့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ 

ဒီတကြိမ်မှာ မြန်မာနိုင်ငံသား စုစုပေါင်း ၃၉ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦးတို့ ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013