DVB Logo
Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်တွင် သောင်တင်နေသည့် စက်လှေပေါ်က ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
December 22, 2022
ဘိုကလေးမြို့နယ်တွင် သောင်တင်နေသည့် စက်လှေပေါ်က ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးခံရ
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက ရင်ခွင်ပိုက် လသား ကလေးငယ် အပါအဝင် ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ကဒုံကနိကျေးရွာအုပ်စု ကဒုံးလေးကျွန်းအနီးမှာ စက်လှေ ဝမ်းဗိုက်ပေါက် သောင်တင်နေစဉ် စက်လှေပေါ်ကနေ ရိုဟင်ဂျာ ၁၁၂ ယောက်ကို ဘိုကလေးမြို့မ ရဲစခန်းက သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက “ရခိုင်ပြည်နယ်ကနေ မလေးရှားကို ထွက်မယ့် သင်္ဘောက ဒုံးလေးကျွန်းနားမှာ စက်လှေ ဝမ်းဗိုက်ပေါက် သောင်တင်နေတာကို လှမ်းသတင်းပို့လို့ သွားဖမ်းတာ။ လသားကလေးတွေကော အသက်မပြည့်သေးတဲ့ ကလေးတွေကော အားလုံးပေါင်း ၁၁၂ ယောက် ဖမ်းမိတယ်”လို့ ပြောပါတယ်။

လတ်တလော စက်လှေပေါ်ကနေဖမ်းဆီးမိတဲ့ လသား ကလေးငယ် ၃ ဦး အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ် ၁၂ ဦး၊ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၄၃ ဦး၊ စုစုပေါင်း ၁၁၂ ဦးတို့ကို ဘိုကလေးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းကလည်း ဖျာပုံခရိုင် အမာမြို့နယ်ခွဲအတွင်းမှာ စက်လှေပျက်လို့ မျောပါလာတဲ့ ရိုဟင်ဂျာ ကလေးငယ် အပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၈ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013