DVB Logo
Home
မြန်မာသတင်း
MPA သတင်းထောက် ၂ ဦး အပါအဝင် ၉ ဦးကို စစ်ကောင်စီက ထောင်သုံးနှစ်စီချ
DVB
·
December 21, 2022
MPA သတင်းထောက် ၂ ဦး အပါအဝင် ၉ ဦးကို စစ်ကောင်စီက ထောင်သုံးနှစ်စီချ
Donate to DVB

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ MPA သတင်းဌာနမှ သတင်းထောက် ၂ ဦး အပါအဝင် ၉ ဦးကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့မနက်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့ပါတယ်။

ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်နှစ်ဦး အပါအဝင် ဖမ်းဆီးခံရသူ ကိုးဦးကို ပုဒ်မ ၅၀၅(က) နဲ့ အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့တာလို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခုအမိန့်ချတဲ့သူတွေထဲမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တချို့ကို ထပ်ပြီး တရားစွဲထားသေးတယ်။ သုံးနှစ်အမိန့်ချတဲ့အထဲမှာ ချုပ်ရက်ကို ခံစားခွင့်ပြုထားတယ်။”

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက် သေနတ်နဲ့ပစ်ပြီး အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

အဆိုပါဆန္ဒပြပွဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းဌာနတွေကို ပိတ်ခဲ့သလို သတင်းထောက် အများစုကိုလည်း ဖမ်းဆီးကာ ထောင်ဒဏ်တွေချမှတ်ခဲ့ပြီး တချို့ စစ်ကြောရေးမှာ သေဆုံးခဲ့တာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013