DVB Logo
Home
မြန်မာသတင်း
ရန်ကုန် စင်ကာပူသံရုံးအနီး ယာဉ်တိုက်မှုဖြစ်ပြီး ၁၂ ဦးဒဏ်ရာရ
DVB
·
December 21, 2022
ရန်ကုန် စင်ကာပူသံရုံးအနီး ယာဉ်တိုက်မှုဖြစ်ပြီး ၁၂ ဦးဒဏ်ရာရ
Donate to DVB

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ဓမ္မစေတီလမ်းရှိ စင်ကာပူသံရုံးအနီးမှာ ဒီဇင်ဘာ ၂၁ ရက် ဒီနေ့မနက်ပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အခင်းဖြစ်ရာ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေထံက သိရပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်က အမျိုးသားသုံးဦးနဲ့ အမျိုးသမီးကိုးဦး တင်ဆောင်လာတဲ့ Light Truck ယာဉ်တစီးဟာ စင်ကာပူသံရုံးအနီးရှိ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့လို့ ဒဏ်ရာရရှိခဲ့တာ ဖြစ်တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဘယ်ကနေ ဘယ်လိုတိုက်မိလဲတော့ မသိဘူး။ ပရဟိတအဖွဲ့နဲ့ အုပ်ချုပ်ရေးကသူတွေ လူနာတင်ယာဥ်နဲ့ လာသယ်သွားတယ်၊ ဆေးရုံပို့ပေးလိုက်တယ်။”

ဒဏ်ရာရရှိသူ ၁၂ ဦးကို မေတ္တာစေတနာလူမှုကူညီရေး (ဗဟန်း) အဖွဲ့မှ လူနာတင်ယာဥ်နဲ့ သယ်ဆောင်ကာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်သားတွေရော ရဲတွေရော ရောက်လာတာ။ နောက်မှ လူနာတင်ယာဥ်တွေလာတာ။ သံရုံးရှေ့ဆိုတော့ မြန်မြန်ရှင်းပေးတဲ့သဘော။ ဒဏ်ရာရတာ သိပ်မစိုးရိမ်ရဘူး။”

လတ်တလောမှာ အဆိုပါယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဥ်မောင်းဖြစ်သူကို ယာဥ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013