DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
DVB
·
December 21, 2022
စစ်ကိုင်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာရှိတဲ့ ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာ ၂ဝ ရက် မနက် ၇ နာရီလောက်မှာ မဟာမိတ်တွေနဲ့အတူ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်နယ်စွန် PDF က သတင်းထုတ်ပြန်ပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းရဲ့ စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်ကြားမှာရှိတဲ့ ညောင်ပင်ဝန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဟာ ခရီးသွားလာသူတွေဆီကနေ ငွေကြေးကောက်ခံနေတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ရတာလို့ တိုက်နယ်စွန် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ စွန်နက်က ပြောပါတယ်။

“ရဲတွေ၊ စစ်သားတွေက ပုံမှန် ၁၅ ယောက်လောက် ရှိပါတယ်။ အင်အားစုတဲ့အခါ ၅ဝ ကနေ ၁ဝဝ ကြားရှိပါတယ်။ ညောင်ပင်ဝန်းရဲစခန်းမှာ မကြာခဏအင်အားစုပြီး အနီးနားမှာရှိတဲ့ရွာတွေကို ဒုက္ခပေးနေတာတွေ၊ စစ်ကြောင်းထိုးပြီး စခန်းချတာတွေ၊ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာတွေကြောင့် တိုက်ခိုက်ရတာ ဖြစ်ပါတယ်။”

ပစ်ခတ်နေချိန် လမ်းပိုင်းမှာ ပြည်သူကားတွေ သွားလာနေတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို တိုက်နယ်စွန် PDF ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃၊ တပ်ရင်း ၈၊ ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တိုက်နယ်စွန် PDF က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013