DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ဒလကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုနှင့် လုံးဝမသက်ဆိုင်ဟု NUG ကြေညာ၊ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချ
DVB
·
December 21, 2022
ရန်ကုန်-ဒလကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုနှင့် လုံးဝမသက်ဆိုင်ဟု NUG ကြေညာ၊ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချ
Donate to DVB

ရန်ကုန်-ဒလကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ အခုလိုအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက်   ဝမ်းနည်းကြေကွဲတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ဒီဇင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ညနေ ၆ နာရီ မိနစ် ၄၀ လောက်က ရန်ကုန်  ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာတဲ့ ချယ်ရီ(၂)  ကူးတို့သင်္ဘောပေါ်မှာ လက်လုပ် ဗုံးပေါက်ကွဲပြီး  အရပ်သားပြည်သူ ၁၇ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ပြည်သူလူထုအတွက် အထူး ဝမ်းနည်းကြေကွဲ စိတ်ထိခိုက်ရကြောင်း ထိခိုက်ဒဏ်ရာရသူ အားလုံး အမြန်ဆုံး သက်သာရာရပါစေကြောင်း ဆုမွန်ကောင်းတောင်းနေသလို ဘေးဒဏ်သင့် မိသားစုတွေနဲ့ ထပ်တူရှိနေတယ်လို့ဆိုပါတယ်။

အခုလို အကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပြစ်တင်ရှုတ်ချပြီး တချိန်တည်းမှာ အမှန်တကယ် ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူနိုင်ရေး ပြည်သူလူထုနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ဟာ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုရဲ့ စိတ်မှာ အကြောက်တရားနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ အဆက်မပြတ် ဖြစ်ပေါ်နေစေရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ခဲ့တာ အတိတ်ဖြစ်ရပ်များစွာ သာဓကရှိခဲ့ပြီးဖြစ်သလို ဆက်လက်လုပ်ဆောင်ဖို့ ဝန်မလေးတာကြောင့်  ပြည်သူလူထုအနေနဲ့ သတိနဲ့နေထိုင် ကြဖို့လည်း တိုက်တွန်းထားပါတယ်။

အရင်စစ်အစိုးရလက်တွေမှာလည်း ရန်ကုန်မြို့ရှိ ကုန်တိုက်နဲ့ ဈေးဝယ်စင်တာတွေအပါအဝင် လူစည်ကားရာနေရာတွေမှာ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ ဗုံးဖောက်ခွဲမှုတွေကို  စစ်အုပ်စုက စီစဉ်လုပ်ဆောင်ခဲ့ဖူးတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ချယ်ရီ(၂) ကူးတို့ရေယာဉ်ပေါ် ဗုံးကွဲမှုဟာ  NUG ၊ CRPH လက်အောက်ခံ PDF တွေက မိုင်းထောင်ဖောက်ခွဲခဲ့တာလို့ သက်သေမပြနိုင်ဘဲ စွပ်စွဲထုတ်ပြန်ထားပါတယ်။

ဒလမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အဆိုပါဗုံးကွဲမှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်တွေကိုသာ ဦးတည်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့ အခါမှာလည်း အများပြည်သူသိအောင် ထုတ်ပြန်ကြေညာလေ့ရှိတာဖြစ်ပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013