DVB Logo
Home
မြန်မာသတင်း
ဈေးဝယ်ထွက်လာသည့် ရဲ ၃ ယောက်ကို မုံရွာကာကွယ်ရေး‌တပ်ပူးပေါင်းတိုက်ခိုက်
DVB
·
December 21, 2022
ဈေးဝယ်ထွက်လာသည့် ရဲ ၃ ယောက်ကို မုံရွာကာကွယ်ရေး‌တပ်ပူးပေါင်းတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီ မိနစ် ၄၀ လောက်က မြို့တွင်းတနေရာမှာ စျေးဝယ်ရန်ထွက်လာတဲ့  ရဲသုံး‌ယောက်ကို တိုက်ခိုက်ခဲ့တယ်လို့ Special Forces-11 တာဝန်ရှိသူက ပြောပါတယ်။

Special Forces-11 ရဲဘော်တွေက ဦးဆောင်ပြီး မုံရွာမြို့နယ် (ပ.က.ဖ) ၊ (ပ.လ.ဖ) ရဲဘော်တွေနဲ့အတူ ပူးပေါင်း တိုက်ခိုက်ခဲ့တာကြောင့် ရဲ‌တစ်ယောက်သေဆုံးပြီး ကျန်နှစ်ယောက်ကတော့ ကျည်ဆန်ထိမှန်ကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။

Special Forces-11 မှ တာဝန်ရှိသူတဦးက "ရခတကောင်သေပြီး နှစ်ကောင်မှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သွေးရူးသွေးတန်း ထွက်ပြေးသွားခဲ့တယ်။ ကျနော်တို့ရဲဘော်တွေတော့အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်" လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်ခဲ့မှုမှာ ရဲတွေရဲ့  MA13 တလက် ၊ ကျည် ၂၀၁၀ ထုတ်၊ ၉မမ ၁၅ တောင့်၊ ကျည်ဘောက်တစ်ခု တို့အားသိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

သေဆုံးတဲ့ ရဲတစ်‌ယောက်နဲ့ ကျည်ထိမှန် ဒဏ်ရာများဖြင့်ထွက်ပြေးသွားတဲ့ ရဲ နှစ်ယောက်ကို လာရောက်သယ်ယူတဲ့ လူနာတင်ကား တစ်စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ပဒေသာမိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင်အဖွဲ့အနေနဲ့ မိုင်းအလုံး ၃၀၀ ကန်ပိန်းမှာ မဲလက်မှတ်တွေရောင်းချဖို့ရှိနေပြီး ပြည်သူတွေပါဝင်‌‌ကူညီပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013