DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့အနီး ငလျင်လှုပ်
DVB
·
December 21, 2022
မိုးညှင်းမြို့အနီး ငလျင်လှုပ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ  အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု   ဒီဇင်ဘာ ၂၁  ရက်မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနကက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက်အစောပိုင်း မြန်မာစံတော်ချိန် မနက် ၃ နာရီ ၅၁ မိနစ် ၁၆ စက္ကန့် အချိန် ကသာမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် ၃၀ လောက်အကွာ  ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း မိုးညှင်းမြို့ရဲ့ အနောက်တောင် ၁၃ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ သတင်းမှာဖော်ပြပါတယ်။

အဆိုပါငလျင်ကြောင့် လူတွေထိခိုက်တာနဲ့  နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုသတင်းတွေက တော့ မကြားသိရသေးပါဘူး။

အခုရက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်မှာ   မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာတော့ ငလျင်ကြောင့် စေတီပုထိုးတော်တွေရဲ့ စိန်ဖူးတော်အများအပြား မြေခခဲ့ရကာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

Photo- မိုးဇလ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013