DVB Logo
Home
မြန်မာသတင်း
ပြင်စလူတွင် ငါးဖမ်းထွက်သည့် ဒေသခံများကို စစ်တပ်က ဒဏ်ရိုက်ပြီး ငါးများကို အဓမ္မသိမ်းယူ
DVB
·
December 20, 2022
ပြင်စလူတွင် ငါးဖမ်းထွက်သည့် ဒေသခံများကို စစ်တပ်က ဒဏ်ရိုက်ပြီး ငါးများကို အဓမ္မသိမ်းယူ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့မှာ ဒီဇင်ဘာ ၁၆ ရက်က ငါးဖမ်းထွက်တဲ့ ဒေသခံ ရေလုပ်သားတွေကို စစ်ကောင်စီတပ်က သတင်းမပို့လို့ဆိုကာ ဒဏ်ငွေ ၅၀,၀၀၀ ရိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ငါးရှာထွက်တဲ့ ဒေသခံတွေကို သူတို့တပ်ကို အကြောင်းမကြားရမလားဆိုကာ ရှာလာသမျှ ငါးတွေကိုလည်း အဓမ္မသိမ်းယူသွားတဲ့အပြင် ဒဏ်ငွေရိုက်တာတွေပါ ပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဒီကလူတွေက ငါးဖမ်းတဲ့အလုပ်နဲ့ပဲ အသက်မွေးရတာလေ၊ ရေလုပ်သားအဖွဲ့အစည်းတွေက လုပ်ပေးထားတဲ့ ရေလုပ်သားကတ်တွေလည်း ရှိတယ်။ ငါးရှာတိုင်းလည်း သတင်းပို့ရတာ အကြောင်းကြားရတာ မရှိဘူးလေ။ အဲ့ဒါကို သတင်းမပို့ရမလားဆိုပြီး လုပ်တာ” လို့ ပြောပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ကို သတင်းမပို့ဘဲ ငါးဖမ်းထွက်မိတဲ့ ရေလုပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက နေ့စဉ် ငါးဖမ်းရှာတိုင်း သတင်းပို့ရမှာဖြစ်သလို နောက်ကို သတင်းမပို့ရင် ခုထက်ပိုဆိုးမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလိုမျိုး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဒေသခံရေလုပ်သားတွေကို အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးဒဏ်ရိုက်တာတွေဟာ စစ်ကောင်စီတပ်သားတွေက အကြောင်းအမျိုးမျိုးပြ ငွေရှာနေတာသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013