DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်ရှိ NUG ပြည်သူ့ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
DVB
·
December 20, 2022
တနင်္သာရီမြို့နယ်ရှိ NUG ပြည်သူ့ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
1 / 4
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ထိန်းချုပ်နယ်မြေတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အလင်းသစ် ပြည်သူ့ကျောင်းမှာ ဒီဇင်ဘာ ၁၇ ရက်က ပညာရေးစုံညီပွဲ ကျင်းပနိုင်ခဲ့ပြီး ကျောင်းအတွက် စားနပ်ရိက္ခာနဲ့ ဆရာ ဆရာမ လိုအပ်ချက်အတွက် အခက်အခဲတွေ ရှိနေတယ်လို့ CDM ဆရာမတွေဆီက သိရပါတယ်။

CDM ဆရာမတဦးက “တနင်္သာရီမြို့နယ်ထဲမှာ ပြည်သူ့ကျောင်း ၁၉ ကျောင်းရှိတယ်။ ကျောင်းသားတွေထဲမှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ မိသားစုတွေ၊ တော်လှန်ရေးရဲ‌ဘော် မိသားစုတွေရဲ့ သားသမီးတွေ၊ အိမ်ပြန်ဖို့အလှမ်းဝေးတဲ့ ဒေသခံတွေရဲ့ သားသမီးတွေ ပါဝင်ပြီး ကျောင်းအိပ်ကျောင်းစားထား သင်ကြားနေရတာကြောင့် ကလေးတွေအတွက် စားနပ်ရိက္ခာတွေ ကျောင်းသုံးပစ္စည်းတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။

အလင်းသစ်ပြည်သူ့ကျောင်းကို ဇူလိုင် ၂၁ ရက်က ကျောင်းသား ၁၁၂ ဦးနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အခုအချိန်မှာ ကျောင်းသား ၁၂၃ ဦးနဲ့ အထက်တန်းအဆင့်အထိ စေတနာ့ဝန်ထမ်း ဆရာ ဆရာမ ၇ ဦးတို့က တာဝန်ယူ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

“အလင်းသစ်ပြည်သူ့ကျောင်းမတိုင်ခင် တခြားကျောင်းတွေမှာ ပညာရေးစုံညီပွဲတော်တွေ လုပ်ခဲ့တာရှိတယ်။ ကျောင်းစဖွင့်ဖွင့်ချင်းမှာတော့ ရပ်ရွာကျောင်းသားမိဘနဲ့ ဆရာ ဆရာမတွေကို နားလည်သဘောပေါက်အောင် အတော်စည်းရုံးလိုက်ရတယ်။ အခက်အခဲ ကတော့ ဆရာ ဆရာမအင်အား မလုံလောက်တာပါ” လို့ စေတနာ့ဝန်ထမ်း လုပ်နေသူတဦးက ပြောပါတယ်။

ပထမဆုံး ပညာရေးစုံညီလုပ်ခဲ့တဲ့ Spring Education Garden ပြည်သူ့ကျောင်းကိုလည်း ဇွန်လ ၁၉ ရက်နေ့က ကျောင်းသား ၆၇၉ ဦးနဲ့ အထက်တန်းအဆင့်အထိ စတင်ဖွင့်လှစ်ခဲ့ပြီး အခုအချိန်မှာတော့ ကျောင်းသား ၇၆၂ ဦးတို့ကို CDM ဆရာ ဆရာမ ၁၃ ဦးနဲ့ စေတနာ့ဝန်ထမ်း ဆရာ ဆရာမ ၂၃ ဦးတို့က တာဝန်ယူ သင်ကြားပေးနေပါတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

အလင်းသစ်ပြည်သူ့ကျောင်းမှာ ကျင်းပတဲ့ ပညာရေးစုံညီပွဲဟာ တတိယအကြိမ်ဖြစ်ပြီး အဲဒီမတိုင်မီ နိုဝင်ဘာ ၁၅ ရက်နေ့က Spring Education Garden ပြည်သူ့ကျောင်းနဲ့ ဒီဇင်ဘာ ၁၁ ရက်က ဖူးပွင့်စ ပြည်သူ့ကျောင်းတွေမှာ ပညာရေးစုံညီပွဲတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013