DVB Logo
Home
မြန်မာသတင်း
ကမာဝက်မြို့ မီးလောင်မှု အိမ် ၁၃ လုံးဆုံးရှုံး၊ ရေး-အစင်လမ်းဘေး အဆောက်အအုံများ ပြောင်းရွှေ့ရန် အမိန့်ထုတ်
DVB
·
December 20, 2022
ကမာဝက်မြို့ မီးလောင်မှု အိမ် ၁၃ လုံးဆုံးရှုံး၊ ရေး-အစင်လမ်းဘေး အဆောက်အအုံများ ပြောင်းရွှေ့ရန် အမိန့်ထုတ်
Donate to DVB

မွန်ပြည်နယ် မုဒုံမြို့နယ်၊  ကမာဝက်မြို့အနောက်ပိုင်း ရှမ်းစုရပ်ကွက်မှာ ဒီဇင်ဘာ ၂၀ ရက် မနက် ၁ နာရီ ၁၀ မိနစ်က မီးလောင်ခဲ့ပြီး နေအိမ် ၁၃ လုံး ဆုံးရှုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မီးလောင်တာကို မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်တာကြောင့် မနက် ၂ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းသွားတယ်လို့  မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းကို ကနဦး စစ်ဆေးနေပြီး မီးလောင်မှုကြောင့် နေအိမ် ၁၃ လုံး ဆုံးရှုံးခဲ့ပေမဲ့  လူ ထိခိုက်သေဆုံးတာတော့ မရှိပါဘူး။

ပွင့်လင်းရာသီ ရောက်လာတာနဲ့အမျှ မီးဘေးအန္တရာယ်အတွက် မီးသုံးစွဲအသုံးပြုရာမှာ ပိုပြီး သတိရှိကြဖို့ကို မီးသတ်ဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ရေးမြို့နယ် ရေး-အစင်သွားကားလမ်းဘေး မီးရထားသံလမ်းကျော်ဘက်က လူနေအိမ်၊ တည်ခိုခန်း၊ စားသောက်ဆိုင်တွေအပါဝင် အဆောက်အအုံအားလုံး ဒီဇင်ဘာလကုန် အပြီးဖြိုဖျက် ပြောင်းရွှေ့ရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မပြောင်းရွေ့တဲ့ အဆောက်အအုံတွေကို ဘူဒိုဇာနဲ့ ထိုးဖျက်သွားမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း လက်ရှိ နေထိုင်သူတွေအကုန်လုံး အပြီးတိုင် ဖယ်ရှားရမယ်လို့ သိရပါတယ်။

ဖျက်ပေးရမယ့်နေရာက ဒေသခံ တဦးက “ဆယ်စုနှစ်နဲ့ချီပြီး နေထိုင်လာတာ။ အခုမှ ဖျက်ခိုင်းပြီး ရွှေ့ပြောင်းပေးရမှာဆိုတော့။ အခုချိန်က နေစရာစားစရာတွေက ခက်ခဲနေတဲ့ ခေတ်ကာလမှာ မလုပ်သင့်ဘူး” လို့ ပြောပါတယ်။

ဒေသခံ နောက်တဦးက “အရင်အစိုးရလက်ထက်တွေက မြေကွက်ကို မြေပိုင်ရှင်နဲ့ ရပ်ကွက်ရုံးမှာ စာချုပ်နဲ့ ဝယ်ထားတာ။ နိုင်ငံတော်ပိုင်မြေလို့ သတ်မှတ်ထားရင် အရင်ကတည်းက ရပ်ကွက်ရုံးတွေမှာ တရားဝင်ကြေညာ ထားသင့်တယ်။ အခုအမိန့်တွေ ထုတ်လိုက်မှတော့ ဝယ်ပြီး ဆောက်ထားတယ်သူတွေ နစ်နာပြီး ဘဝပါပျက်ရမယ့် အခြေနေရှိတယ်”လို့ ပြောပါတယ်။

မီးရထားသံလမ်းကျော်ကနေ ကြက်တူရွေးတောင်အထိကို ခရိုင်ရဲမှူးရုံးနေရာနဲ့ ဝန်ထမ်းအိမ်ရာ ဆောက်ဖို့ ပြောင်းရွေ့ခိုင်းတာလို့ သတင်းတွေ ထွက်ပေါ်နေပြီး လတ်တလော လူနေအိမ်၊ တည်ခိုခန်း၊ စားသောက်ဆိုင်နဲ့ စျေးဆိုင်တွေ ဖယ်ရှားခံထားရတာ  ၂ ဒါဇင် ကျော် လောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013