DVB Logo
Home
မြန်မာသတင်း
တိမ်းရှောင်နေရသည့် ပလမြို့တောင်သူများ စပါးမရိတ်နိုင်သေးသဖြင့် အခက်ကြုံ
DVB
·
December 20, 2022
တိမ်းရှောင်နေရသည့် ပလမြို့တောင်သူများ စပါးမရိတ်နိုင်သေးသဖြင့် အခက်ကြုံ
Donate to DVB

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပလမြို့ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ‌ဒေသခံတောင်သူတွေ ဟာ ရိတ်သိမ်းချိန်ကျော်လွန်နေတဲ့ စပါးခင်းတွေဆီကို အခက်အခဲအမျိုးမျိုးကြောင့် ပြန်မလာ နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်‌။

ပလမြို့မှာ အိမ်ထောင်စု ၄၀၀ လောက်နဲ့ လယ်ဧက ၄၀၀၀ လောက်ရှိပြီး စပါး ရိတ်သိမ်းဖို့ အုပ်ချုပ်ရေးမှူးတွေဆီကနေ ထောက်ခံချက်တွေယူပြီးမှ ရိတ်ရတယ်လို့ ဆိုပါတယ်။

လယ်ယာစိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒေသခံတဦးက “ကျနော်တို့ မြို့ထဲကို ပြန်မသွားရဲတော့ဘူး။ စပါးခင်းတွေကိုတော့ လူငှားပြီး ရိတ်ခိုင်းထားရတယ်။ စကစဘက်က ထွက်ပြေး တိမ်း‌ရှောင်နေ တဲ့ သူတွေကို ပြန်လာဖို့ ခေါ်နေတာတော့ ရှိတယ်။ တဖက်မှာလည်း စကစဘက်က နံရံကပ်စာတွေ ကပ်ပြီး PDFနဲ့ ပတ်သက်ရင် တအိမ်လုံး မီးရှို့မယ်။ သတ်မယ်လို့ ခြိမ်းခြောက်တာတွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂ ရက်က ပလမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခံရပြီးနောက် စကစဘက်က ပလမြို့ပေါ်မှာ ဒေသခံအယောက် ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးခဲ့တာတွေကြောင့် ဒေသခံတွေက ပလမြို့ကနေ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ PDF တွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတဦးက “ပလမြို့ပေါ်မှာ မိုင်းပေါက်ပြီးနောက်နေ့မှာ စကစတွေက လိုက်ဖမ်းတော့တာပဲ့။ သုံးလေးရက်ဆက်တိုက်ဖမ်းတယ်။ ကျနော်တို့လည်း ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ရတာပေါ့။ ဒီလိုတွေ ဖမ်းနေတာကြောင့် စပါးခင်းတွေဆီပြန်‌ရောက်ဖို့ အခက်အခဲဖြစ်နေတယ်” လို့ ပြောပါတယ်။

ပုလောနဲ့ ပလမြို့ပေါ်တွေမှာတော့ ပြီးခဲ့တဲ့အပတ်တွေက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေကြား ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၂ရက် မနက်ပိုင်းမှာ စကစဘက်က နံရပ်ကပ်စာတွေကပ်ပြီး ခြိမ်းခြောက်ကာ လုံခြုံရေးတင်းကြပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013