DVB Logo
Home
မြန်မာသတင်း
အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေးကြေညာချက်ကို NUG ကြိုဆို၊ စစ်ကောင်စီကို ဖိအားပိုပေးရန် တောင်းဆို
DVB
·
December 20, 2022
အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေးကြေညာချက်ကို NUG ကြိုဆို၊ စစ်ကောင်စီကို ဖိအားပိုပေးရန် တောင်းဆို
Donate to DVB

အီးယူ-အာဆီယံထိပ်သီးအစည်းအဝေးခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်အပေါ်  ကြိုဆိုပေမဲ့ စစ်ကောင်စီကို ပြင်းထန်တဲ့ ဖိအားတွေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က  ဒီဇင်ဘာ ၁၉ ရက်မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်က  အီးယူ-အာဆီယံ ထိပ်သီး အစည်းအဝေးပူးတွဲထုတ်ပြန်ချက်မှာ မြန်မာအရေးနဲ့ ပတ်သက်လို့  နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာပေးဖို့တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက မတရား ကွပ်မျက်ခဲ့အပေါ် အီးယူနဲ့ အာဆီယံခေါင်းဆောင်တွေက ရှုတ်ချခဲ့ပြီး၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ကို သက်ဆိုင်တဲ့ အဖွဲ့ အားလုံးနဲ့ အပြည့်အဝ ထိတွေ့ဆက်ဆံ ယုံကြည်မှုတည်ဆောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဒီတောင်းဆိုချက်တွေကို NUG အနေနဲ့ ကြိုဆိုပေမဲ့ အရေးပါတဲ့ အချက်အလက်တွေ မပါဝင်ဘဲ ကျန်ရှိနေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်း မရှိသလို  စစ်အာဏာရှင်ရဲ့ ကြမ်းကြုတ်ယုတ်မာရက်စက်မှုတွေကို ရှုတ်ချဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထောက်ခံဖို့၊  စစ်အုပ်စုရဲ့ ဥပဒေမဲ့ အရေးပေါ်အခြေအနေ ကြေညာခြင်းကို ပယ်ချဖို့၊ လေယာဉ်ဆီ ရောင်းချနေသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ အပါအဝင် အပြစ်မဲ့အရပ်သားတွေအပေါ် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုတွေ ပြုလုပ်လာနိုင်တဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်နိုင်စွမ်းအား ဖြိုဖျက်နိုင်ရေး ထိရောက်တဲ့ဆောင်ရွက်မှုတွေလုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ထပ်မံကွပ်မျက်တာ မပြုနိုင်အောင် ပြင်းထန်တဲ့ ဖိအားတွေပေးဖို့လည်း NUG ကတိုက်တွန်းပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှု အားလုံးကို တားဆီးပိတ်ပင်ခြင်းဖြင့် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒအား လေးစားမှုကို ပြသရမယ်၊ အာဆီယံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံ အပေါ် အရေးယူဆောင်ရွက်မှုနဲ့ နိုင်ငံတကာ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုတွေ အပေါ်ထောက်ခံမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသဖို့လည်း NUG ကတိုက်တွန်းလိုက်ပါတယ်။

PHOTO Credit- Lee Hsien Loong Facebook

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013