မြန်မာ့ကျေးလက်ဖွံ့ဖြိုးရေး ဂျာမန်ဘဏ် ယူရို ၇ သန်း ကူညီ
DVB
·
May 21, 2014

မြန်မာနိုင်ငံ ကျေးလက်ဒေသ အခြေခံ အဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျာမန် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က မြန်မာ အစိုးရကို ဒေါ်လာ ၉ သန်းခွဲနဲ့ ညီမျှတဲ့ ယူရို ၇ သန်း အကူအညီပေးဖို့ မေလ ၂၀ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
နေပြည်တော် စီမံကိန်း ၀န်ကြီးဌာန ရုံးအစည်းအဝေးခန်းမမှာ လုပ်တဲ့ပွဲမှာ စီမံကိန်း ၀န်ကြီးဌာန ညွှန်ချုပ် ဦးထွန်းထွန်းနိုင်နဲ့ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် ဘက်က အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr.Roland Siller နဲ့ ရန်ကုန်ရုံး ညွှန်ကြားရေးမှူး Mr.Christian Richer တို့ စာချုပ် လက်မှတ် ရေးထိုးကြပါတယ်။