DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ငလျင်လှုပ်
DVB
·
December 20, 2022
နေပြည်တော်တွင် ငလျင်လှုပ်
Donate to DVB

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ကိုဗဟိုပြုပြီး   အင်အားရစ်ချ်တာစကေး ၄ ဒသမ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု ဒီဇင်ဘာ ၂၀ ရက်က  လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၁)မိနစ်၊ (၁၉) စက္ကန့်အချိန်မှာ နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် ၁၅ မိုင်လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ပုဗ္ဗသီရိမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  ၉၆ ဒသမ ၁၅ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ သတင်းမှာဖော်ပြပါတယ်။

အဆိုပါငလျင်ကြောင့် လူတွေထိခိုက်တာနဲ့  နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုသတင်းတွေက တော့ မကြားသိရသေးပါဘူး။

အခုရက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ  မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ  ၁၉ ရက်ကလည်း မန္တလေး၊ တံတားဦးမြို့အနီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်လှုပ်ခတ်သွားပါတယ်။

ဒီဇင်ဘာလ ၁၅ ရက် မနက်အစောပိုင်းကလည်း တံတားဦးမြို့အနီးမှာ ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိ  အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်ခဲ့သလို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကလည်း မန္တလေးမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် စေတီပုထိုးတော်တွေရဲ့ စိန်ဖူးတော်အများအပြား မြေခခဲ့ရကာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ရဲ့ အနောက်ဘက် မိုင် ၂၀ လောက် အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နေပြည်တော်တွင် ငလျင်လှုပ်