DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီသတင်းထုတ်ပြန်ချက် မဟုတ်မှန်ဟု TNLA တုံ့ပြန်
DVB
·
December 18, 2022
နမ့်ဆန်တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီသတင်းထုတ်ပြန်ချက် မဟုတ်မှန်ဟု TNLA တုံ့ပြန်
Donate to DVB

စစ်ကောင်စီသတင်းထုတ်ပြန်သလို တအောင်းတပ်မတော်ရဲ့ လက်နက်တွေနဲ့ NUG-PDF လက်နက်ပစ္စည်းတွေ သိမ်းဆည်းခံရတာနဲ့ ဆုံးရှုံးပျက်စီးတာတွေ မရှိဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ဒီဇင်ဘာ ၁၈ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက မနေ့ညက MRTV ကနေ သတင်းထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ TNLA ဘက်ကတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

ဒေသခံတောင်ပေါ် တိုင်းရင်းသားတို့ရဲ့ လျှို့ဝှက်သတင်းပေးပို့မှုအရ NUG၊ CRPH တို့ရဲ့ လက်နက်၊ ခဲယမ်းနဲ့ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းတွေသယ်ဆောင်လာတဲ့ PDF အဖွဲ့တွေ ရောက်ရှိနေတာသိရလို့ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးကို တပ်မတော်စစ်ကြောင်းတွေက လေကြောင်းချီစစ်ဆင်တိုက်ခိုက်ရာမှာ PDF အလောင်းတွေနဲ့ လက်နက်၊ ခဲယမ်းတွေ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကောင်စက သတင်းထုတ်ပြန်ထားတာပါ။ 

ဒီတိုက်ပွဲမှာ တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့တယ်လို့လည်း  ဒီဇင်ဘာ ၁၇ ရက်ည MRTV  သတင်းမှာ ဝန်ခံ သတင်းထုတ်ပြန်ထားပြီး အရေအတွက်ကိုတော့  ဖော်ပြခြင်း မရှိပါဘူး။ လူမှုကွန်ရက်မှာပျံ့နေတဲ့ သတင်းဓာတ်ပုံတွေမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို အစုလိုက်အပြုံလိုက် တွေ့ရှိနေရတာပါ။ 

စစ်ကောင်စီကတော့ TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့  နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ပေမဲ့ NUG၊ CRPH၊ PDF တို့နဲ့သာ သက်ဆိုင်ကြောင်း ရှင်းလင်းအသိပေးခဲ့လို့ နောက်ပိုင်းမှာ TNLA အနေနဲ့ သဘောပေါက်နားလည် လက်ခံခဲ့တယ်လို့လည်း ဝါဒဖြန့်သတင်း ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံကျေးရွာတွေအနားမှာ တအာင်းတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေ  ဒီဇင်ဘာ ၇ ရက်ကနေ ၁၃ ရက်အထိ ၇  ရက်ကြာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်နဲ့ ၂၈ ကြိမ်၊ ဂျက်တိုက်လေယာဉ်နဲ့ ၃၂ ကြိမ်၊ မန်တုံနဲ့ နမ့်ဆမ်ကနေ  လက်နက်ကြီးနဲ့ အကြိမ် ၄၀ နီးပါး ပစ်ခတ်ခဲ့တာလို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။

လေကြာင်းစစ်ဆင်ရေးနဲ့ စီးနင်းတိုက်ခိုက်တဲ့ စစ်ကောင်စီ စကခ -၂၁ တပ်ဖွဲ့တွေကို တအာင်းတပ်မတော်က အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အများအပြား ကျဆုံးတာနဲ့ အရှင်ဖမ်းမိတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေထံကနေ ငါးကြင်းမြီး စက်သေနတ် ၁ လက်၊ စက်သေနတ်ကြီး ၁ လက်၊ စက်သေနတ်သေး  ၁ လက်၊ ဘက်ခေါက် သေနတ် ၂ လက်၊ ၂၂ လက်ထောက်တွဲသေနတ် ၁လက်၊ RPG -7/2 အသီး ၁၉ လုံး၊ M-9 အသီး ၇ လုံး၊ မိုင်းတွေ ၊ ကျည်ဆန် ၁၂၀၀ ကျော်၊ ဆက်သွယ်ရေးစက် ၁ လုံး၊ ဖုန်း ၂ လုံး နဲ့ တခြားစစ်အသုံးအဆောင်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ကထုတ်ပြန်ချက်အရသိရပါတယ်။ 

တိုက်ပွဲမှာ လေကြောင်းနဲ့ လက်နက်ကြီးတွေရဲ့ဒဏ်ကြောင့်  တအောင်းတပ်မတော်မှ အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့တာနဲ့ ထိခိုက်ဒဏ်ရာသူတွေရှိတယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီဘက်က ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ကူပစ်တာတွေကြောင့် ကုန်းသာရွာ ဘုန်းကြီးကျောင်းဇရပ်နဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး  တိုက်ပွဲကြောင့် နမ့်ဆမ်မြို့နယ် ကုန်သာရွာနဲ့ အနီးနားဝန်းကျင် ရွာပေါင်း ၇ ရွာက ပြည်သူ ၁,၂၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013