Home
မြန်မာသတင်း
လှည်းကူး ညောင်နှစ်ပင်စိုက်ပျိုးရေးဇုန်တွင် ဗုံးပေါက်ကွဲ
DVB
·
December 18, 2022
319989174_841502686902756_2619710098307218318_n

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန် ၁ မှာ ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီခွဲလောက်က  ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန် ၁ လုံခြုံရေးကင်းမှာ ဗုံးပေါက်ကွဲခဲ့တာလို့ စက်မှုဇုန်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

"ဗုံးပေါက်တာ အတော်ပြင်းတယ်။ ဒဏ်ရာရတဲ့သူတွေရှိတယ်။ စစ်ကားတွေရော လူနာတင်ယာဥ်တွေပါ ရောက်လာတာ။ စစ်တာဆေးတာတွေရော အကုန်လုပ်တာ"လို့ ပြောပါ တယ်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးရှိပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"နှစ်ဦးဒဏ်ရာရတယ်။ အခုဆေးရုံမှာ ဘယ်သူတွေဒဏ်ရာရလဲဆိုတာတော့ မသိရသေးဘူး။ ဒဏ်ရာကတော့ပြင်းထန်တယ်။”

ဘယ်အဖွဲ့က ဗုံးဖောက်ခွဲခဲ့တယ်ဆိုတာ မသိရသေးဘဲ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန် ၁ မှာ စစ်ဆေးနေတယ်လို့ စိုက်ပျိုးရေးဇုန်မှာနေထိုင်သူတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၇ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၁၇ ကြိမ်ဖြစ်ခဲ့ပြီး ၁ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024