DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
December 18, 2022
မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း  မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီသတင်းပေး တယောက်ရှင်းလင်းခံရတာကြောင့် စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Eagle Force ဆီက သိရပါတယ်။

လက်ပွကျေးရွာက စစ်ကောင်စီသတင်းပေး ဦးစိုးငြိမ်းကို ဒီဇင်ဘာ ၁၅ ရက် မနက် ၇ နာရီ လောက်မှာ သရက်၊ ကံမ၊ မင်းတုန်း Egale Force ပူးပေါင်း ပ.က.ဖ တပ်ဖွဲ့က သူ့ရဲ့ နေအိမ်ကို သွားရောက်ပြီးပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Egale Force ပ.က.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

အဲဒီဖြစ်စဥ်ကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီ ရဲဗိုလ်မှူးတယောက် အပါအဝင် ၈ ယောက်၊ ဒုရဲမှူးတယောက်အပါဝင် ရဲ ၁၃ ယောက် လိုက်ပါလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဒီဇင်ဘာ ၁၅ ရက် မနက် ၁၀ နာရီလောက်မှာ လက်လုပ်မိုင်း  ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ဘက်က ၁ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်လို့ ဒေသခံ တွေဆီကတဆင့် စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

စိုးငြိမ်းဦးက သတင်းပေးခဲ့လို့ သြဂုတ် ၂၉ ရက်က စစ်ကောင်စီတပ်က လက်ပွရွာနဲ့ မှိုက်ရွာကို အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးပြီး ပ.က.ဖ ရဲဘော် ၂ ယောက်နဲ့ လက်ပွရွာက ပြည်သူ တယောက်ကို သတ်ဖြတ်ပြီး ရွာသား ၄၀ လောက်ကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်လို့ ကိုမြတ်က ဆိုပါတယ်။

Eagle Force ပူးပေါင်း ပ.က.ဖ တပ်ဖွဲ့အနေနဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း သရက်မြို့ က.ပ.စ(၁၂) ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်ကို အဝေးထိန်းမိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ လျှပ်စစ်မီးလိုင်းတွေ ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013