Home
မြန်မာသတင်း
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဂိတ်စခန်းတခု တိုက်ခိုက်ခံရ
aung khant
·
December 17, 2022
320687711_5173008259466620_7917730110210783875_n

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ဂိတ်စခန်းတခု တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ CDF-ပလက်ဝ ကနေ သိရပါတယ်။

ပလက်ဝမြို့နယ်နဲ့ မတူပီနယ်စပ်က ဘွေလီဂိတ်စခန်းကို မနေ့ မနက် ၇ နာရီလောက်မှာ CDF-ပလက်ဝက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ၁၅ မိနစ်လောက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ CDF-ပလက်ဝရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၅ယောက် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တွေ အထိခိုက် အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”

တိုက်ပွဲအပြီး စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ဘွေလီကျေးရွာနဲ့ တွီဆော့ကုန်းကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြ ရတယ်လို့ ပြောပါတယ်။

တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024