Home
မြန်မာသတင်း
အမ်းမြို့နယ်၊ ရူးတိုက်နယ်ဆေးရုံ၌ ဆရာဝန်မရှိသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
December 17, 2022

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ရူးကျေးရွာရှိ တိုက်နယ်ဆေးရုံမှာ ဆရာဝန်မရှိတာ ၁ လကျော် ကြာမြင့်လာတာကြောင့် ကျေးရွာ ၁၀ ကျော်က ပြည်သူတွေ ဆေးကုသဖို့ အခက်အခဲဖြစ်နေတယ်လို့ အမ်းဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "ရူးတိုက်နယ်ဆေးရုံမှာ ဆရာဝန်မရှိတာ ၁ လကျော်နေပြီ။ သာမန်ရောဂါတွေကို တိုက်နယ်ဆေးရုံက လက်ထောက်ဆရာဝန်နဲ့ ကုသလို့ရပါတယ်။ အခုက ဆရာဝန်မရှိတော့ ကားငှားပြီး အမ်းမြို့အထိ သွားပြနေကြရတယ်။ ပိုက်ဆံရှိတဲ့သူတွေက ကိစ္စမရှိဘူး၊ ဆင်းရဲသူဆင်းရဲသားတွေ အတော်အခက်အခဲဖြစ်နေကြတယ်” လို့ ပြောပါတယ်။ 

အဆိုပါ ရူးကျေးရွာတိုက်နယ်ဆေးရုံအား ၂၀၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အထိ ဆရာဝန် လေးဦး တာဝန်ကျဆေးကုသပေးခဲ့ပေမဲ့ လက်ရှိမှာ တာဝန်ကျဆရာဝန်မရှိတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေတာလို့ ဆိုပါတယ်။

ဒေသခံက "အရေးပေါ်တခုခုဆိုရင် တိုက်နယ်ဆေးရုံမှာ ဆရာဝန် မရှိတော့ ကုန်းလမ်း၊ ရေလမ်းကနေ အမ်းမြို့ကို ၂ နာရီကျော်အထိ သွားရောက်ပြီး ဆေးကုသနေရတာဗျ။ အတော်လေးအခက်အခဲ့ဖြစ်နေကြတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်နယ်ဆေးရုံမှာ ဆရာဝန်မရှိတာကြောင့် ရူးကျေးရွာအပါအဝင် အနီးအနားက ကျေးရွာပေါင်း ၁၀ ကျော်အပြင် မြေပုံမြို့နယ် ရေကောင်းချိန်ကျေးရွာ၊ ပေါက်တူးတောင်၊ တပ်ရပ် စတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ဆေးကုသရေးအတွက် အမ်းမြို့ထိ သွားလာနေရတာကြောင့် ငွေကြေးများစွာကုန်ကျပြီး အခက်အခဲကြုံနေကြရတာလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024