စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်မာပင်မြိုနယ်၊ ရင်ပေါင်တိုင်ရွာမှာ ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီတပ် ကျန်ခဲ့တဲ့ ၄၀-မမ ဗုံးသီးကို ကလေးတဦးက ဆော့ရာမှ ပေါက်ကွဲပြီး ကလေး ၂ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်က စစ်ကောင်စီတပ်တွေ ရွာအတွင်း ဝင်ရောက် ပစ်ခတ်ပြီး မပေါက်ကွဲဘဲ ကျန်ရှိတဲ့ အဆိုပါဗုံးသီးကို ကလေးတွေ တွေ့ရှိကစားရာက ပေါက်ကွဲတာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။
“သေတာက ၅ နှစ်အရွယ် ကလေးနဲ့ ၇ လသားကလေးတဦး စုစုပေါင်း ၂ ဦးလုံး နေရာတင်သေသွားတယ်။ သေတဲ့ ကလေးတွေက အဝေးကနေ အဘွားဆီ အလည်လာရင်း အခုလိုဖြစ်သွားတယ်” လို့ ရင်ပေါင်တိုင်ကျေးရွာ ပအဖ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကျန်ဗုံးသီးကို Nivea အလှကုန်ပစ္စည်းအထင်နဲ့ အမှိုက်လှည်းရင်း အဘွားအိုကတွေ့ရှိပြီး အိမ်အုပ်ခုံပေါ်ထင်ထားတာကို ကလေးတွေက ယူကစားခဲ့တာလို့ ဆိုပါတယ်။