DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့ရှိ စတိုးဆိုင်တဆိုင်က ငွေနှင့် ရွှေထည်ပစ္စည်းများ အခိုးခံရ
DVB
·
December 16, 2022
စစ်တွေမြို့ရှိ စတိုးဆိုင်တဆိုင်က ငွေနှင့် ရွှေထည်ပစ္စည်းများ အခိုးခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ လေယာဉ်ကွင်းလမ်းဆုံအနီးရှိ မခင်စတိုးဆိုင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်က ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေနဲ့  ငွေကျပ်  ၄ သိန်းလောက် အခိုးခံခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။

အခိုးခံရတဲ့ အိတ်မှာ ငွေသားအရောရော ကျပ် ၄ သိန်းကျော်နဲ့ ရွှေ ၄ ကျပ်သားကျော်ရှိတဲ့ လက်ကောက် ၅ ကွင်း၊ ကြိုး ၂ ပင်၊ လက်စွပ် ၂ ကွင်း ကာလတန်ဖိုး ကျပ်သိန်း ၁ဝ,၁၅၀,၀၀၀ ဖိုး အခိုးခံခဲ့ရကြောင်း ကာယကံရှင် မခင်ခင်က​ ဆိုပါတယ်။

“ကျမတို့က ပေါက်တောနယ်ကပါ။ စစ်တွေ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာနေပြီး စတိုးဆိုင်ဖွင့် စက်ချုပ်လုပ်ငန်းလေး လုပ်ကိုင်နေတာ။ လက်ဝတ်လက်စားလေးတွေကိုလည်း ဘုန်းကြီးကျောင်းမှာ မထားဝံ့ဘဲ ကိုယ်အိပ်ထဲမှာပဲ ငွေတွေနဲ့အတူ ထည့်ပြီး ဆိုင်ထဲကဘီရိုမှာ သော့ခတ်ထားတာ။ အဲ့ဒီနေ့က ဘေးနားက လေယာဥ်လက်မှတ်ရောင်းတဲ့ဆိုင်ကို ခဏသွားနေပြီး ပြန်လာတော့ ဘီရိုကပွင့်နေပြီး ရွှေနဲ့ ပိုက်ဆံထည့်ထားတဲ့အိတ် မရှိတော့ဘူး။”

အဆိုပါ ခင်စတိုး ဆိုင်ပိုင်ရှင် မခင်ခင်ဟာ ပေါက်တောမြို့နယ် အင်ကရားချိုင်ကျွှန်းရှိ နတ်ရင်ကျေးရွာကဖြစ်ပြီး စစ်တွေမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ကာ စတိုးဆိုင်ရောင်းချပြီး စက်ချုပ်အလုပ်ပါ လုပ်ကိုင်ကာ စီးပွားရှာနေသူ ဖြစ်ပါတယ်။

အခုလို ငွေနဲ့ ရွှေထည်ပစ္စည်းတွေ ခိုးယူခံရမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၅ ရက်က စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပြီး ဆိုင်ခန်းပိုင်ရှင်နေအိမ်မှာ တပ်ဆင်ထားတဲ့ စီစီတီဗွီ မှတ်တမ်းတွေကို စစ်ဆေးရာ အသိအမျိုးသမီးတဦးဖြစ်နေတာ တွေ့ရပြီး အဲဒီအမျိုးသမီးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့သိရတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013