DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်အနီး အိုက်စ်မူးယစ်ဆေးဝါး ၁၀၀ ကီလိုဂရမ်ခန့် တွေ့ရှိ
DVB
·
December 16, 2022
ထိုင်း-မြန်မာနယ်စပ်အနီး အိုက်စ်မူးယစ်ဆေးဝါး ၁၀၀ ကီလိုဂရမ်ခန့် တွေ့ရှိ
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ် မြန်မာနယ်စပ်အနီးမှာ ပိုင်ရှင်မဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၀၀ ကီလိုဂရမ်ခန့် တွေ့ရှိတယ်လို့ Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေ ၄ နာရီလောက်က ထိုင်းစစ်တပ် အမှတ် ၃ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ ဖှန်မြို့နယ် မွမ့်ပင်ကျေးရွာအုပ်စု ခေါပ်တန့်ကျေးရွာအနီး တောတောင်တွေထဲမှာ လုံခြုံရေးလှည့်လည်စစ်ဆေးစဉ် ပိုင်ရှင်မဲ့အိတ် ၈ အိတ်ကို တွေ့ရကြောင်း၊ အိတ်ထဲမှာ လက်ဖက်ခြောက်ထုပ်တွေ ပါရှိပြီး အဆိုပါ လက်ဖက်ခြောက်ထုပ်တွေထဲမှာတော့ အိုက်စ်မူးယစ်ဆေးတွေ ထည့်ထားတာလို့ ဆိုပါတယ်။

အလေးချိန် ခန့်မှန်းခြေ ၁၀၀ ကီလိုဂရမ်ခန့်ရှိပြီး တပ်ထဲရောက်မှ သေချာပြန်ပြီး ချိန်တွယ်ကြည့်ရမယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။

အဆိုပါ အိုက်စ်ဆေးထုပ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က အဆိုပါကျေးရွာအုပ်စုထဲမှာ ဖမ်းဆီးရမိခဲ့တဲ့ အိုက်စ်ဆေး ၁၆ အိတ်နဲ့ ပုံစံချင်းတူတူပဲလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

မူးယစ်ဆေးဝါးအိတ်တွေ တွေ့ရှိတဲ့နေရာဟာ မြန်မာနိုင်ငံနယ်စပ်နဲ့ ၃ ကီလိုမီတာခန့်သာ ကွာဝေးပြီး တဖက်ကမ်းမှာ မိုင်းဆတ်ခရိုင် လားဟူပြည်သူ့စစ် အမှတ် ၁၀၀၇ လှုပ်ရှားနယ်မြေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013