DVB Logo
Home
မြန်မာသတင်း
ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် စစ်ဆင်နိုင်တော့မည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် ကြွားလုံးထုတ်
DVB
·
December 16, 2022
ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် စစ်ဆင်နိုင်တော့မည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် ကြွားလုံးထုတ်
1 / 9
Donate to DVB

မြန်မာစစ်တပ်အနေနဲ့ ဝေဟင်၊ မြေပြင်၊ ရေပြင်နဲ့ ရေအောက် Dimension လေးခု စလုံးမှာ စွမ်းအားပြည့် စစ်ဆင်နိုင်တော့မယ်လို့   အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီလေတပ် ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို   ဒီဇင်ဘာ ၁၅ ရက်မနက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင် လေတပ်စခန်းဌာနချုပ်မှာ ကျင်းပရာမှာ စစ်ခေါင်းဆောင်က ပြောကြားလိုက်တာပါ။

ဒီပွဲမှာ မြန်မာလေတပ်အတွက် ပထမဦးဆုံး စတင်အသုံးပြုတဲ့  စတုတ္ထမျိုးဆက်လွန် Heavy Fighter  ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် Su-30 SME ၊ ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေး လေယာဉ် FTC 2000G လေယာဉ်၊ Y-8  သယ်ယူပို့ဆောင်ရေး လေယာဉ်၊ Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်၊ FT-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်နဲ့  K-8W အမောင်းသင်ဂျက်တိုက်လေယာဉ်နဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဉ် အမျိုးအစားတွေကို တပ်တော်ဝင်အခမ်းအနားနဲ့အတူကျင်းပသွားပါတယ်။

အခုတပ်တော်ဝင်မယ့် လေယာဉ်၊ ရဟတ်ယာဉ်အသစ်တွေရဲ့ စွမ်းပကားတွေ ထပ်မံပေါင်းစပ်လိုက်မယ်ဆိုရင်  တပ်မတော်(လေ)အနေနဲ့ မဟာဗျူဟာမြောက် အလှမ်းမီစစ်ဆင်နိုင်မှုအပြင် ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နိုင်မှုတွေပါ ဆောင်ရွက် နိုင်မှာဖြစ်လို့ ဝေဟင်၊ မြေပြင်၊ ရေပြင်နဲ့ ရေအောက် Dimension လေးခု လုံးမှာ စွမ်းအားပြည့် စစ်ဆင်နိုင်တော့မယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားမှာ ပြောကြားသွားပါတယ်။

ဒီအခမ်းအနားမှာ စစ်လေယာဉ်တွေ စွမ်းရည်ပြပျံသန်းတာနဲ့ အုပ်စုဖွဲ့ပျံသန်းတွေလည်း ပြုလုပ်သွားခဲ့ပြီး စစ်ခေါင်းဆောင် အပါအဝင် စစ်တပ်ကအရာရှိကြီးတွေနဲ့ ဇနီးမယားတွေ တက်ရောက်ခဲ့ကြပါတယ်။

တည်ထောင်ခဲ့တာ ၇၅ နှစ်ကြာရှိနေပြီဖြစ်တဲ့ မြန်မာလေတပ်သမိုင်းမှာ ပြည်ပရန်ကို ကာကွယ်ခဲ့ရတာ သိပ်မများများစားစားမရှိခဲ့ဘဲ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုသာ အဓိက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသာမက ခုခံတွန်းလှန်စစ်ပွဲ ဆင်နွှဲနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်ရာမှာလည်း မြေပြင်တပ်တွေ အရေးနိမ့်နေတာကြောင့် လေကြောင်းအားကိုးနဲ့ အဓိက စစ်ဆင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အပြစ်မဲ့ ကျောင်းသားကလေးငယ်တွေ၊ စတိတ်ရှိုးဖျော်ဖြေပွဲတွေ၊  ပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကိုပါမကျန်  တိုက်ခိုက်ရေး လေယာဉ်တွေ ရဟတ်ယာဉ်တွေအသုံးပြုပြီး  ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ 

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013