DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်နှင့် ဆိုင်ခန်း ၁၀၀ ခန့်အား စစ်ကောင်စီ ဖယ်ရှားခိုင်း
DVB
·
December 15, 2022
မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်နှင့် ဆိုင်ခန်း ၁၀၀ ခန့်အား စစ်ကောင်စီ ဖယ်ရှားခိုင်း
Donate to DVB

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြောက်ပိုင်းရပ်ကွက်က နေအိမ်နဲ့ ဆိုင်ခန်း ၁၀၀ နီးပါးကို ကျူးကျော်ဆိုပြီး တပတ်အတွင်းဖယ်ရှားဖို့ သတိပေးစာ ပို့ထားတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတချို့ဆီက သိရပါတယ်။

အဲဒီရပ်ကွက် တောရကျောင်းလမ်းက နေအိမ်နဲ့ ဆိုင်ခန်းတွေကို ဒီဇင်ဘာ ၂၁ ရက် နောက်ဆုံးထား ဖယ်ရှားဖို့ စစ်ကောင်စီလက်အောက်ခံ စည်ပင်ရုံးက သတိပေးစာ ပို့ထားတာလို့ ဆိုပါတယ်။

ထောက်ကြံ့မှာနေထိုင်သူတဦးက “ဖယ်ခိုင်းခံရတဲ့သူတွေက စိတ်ညစ်နေကြတယ်။ အဲဒီနေရာက နေနေကြတာ နှစ်အတော်ကြာပြီ။ အိမ်တွေဆိုလည်း အခိုင်အမာ ဆောက်နေကြတာ။ သူ့ဘာသာ အဆင်ပြေနေကြတာကို သက်သက်မဲ့ အကျပ်အတည်းဖြစ်အောင် လိုက်လုပ်နေသလိုပဲ” လို့ ပြောပါတယ်။

ဖျက်သိမ်းခံရမယ့် အိမ်တွေဆိုရင် ကျပ်သိန်း ၁၀၀ ကနေ သိန်း ၃၀၀ လောက်အထိ တန်ကြေးရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ နိုဝင်ဘာလကုန်ပိုင်းက ရပ်ကွက် ၅ ခုမှ နေအိမ် ၁၀,၀၀၀ ကျော်ကို စစ်ကောင်စီက ကျူးကျော်ဆိုပြီး ဖျက်ခိုင်းပြီးတဲ့နောက် အခု နောက်ထပ်ဖျက်သိမ်းဖယ်ရှားဖို့ သတိပေးခံရတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ မြို့ပြရှိနေအိမ်တွေကို ဖြိုဖျက်ပြီး ပြည်သူတွေ အကျပ်အတည်းဖြစ်ကာ တော်လှန်ရေးအားပျော့စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ NUG အစိုးရက ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေဖြစ်တဲ့ စည်ပင်နဲ့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ပြည်သူတွေ အခက်အခဲဖြစ်စေမယ့် လုပ်ရပ်တွေ ဆက်လုပ်နေမယ်ဆိုရင် ထိရောက်စွာ အရေးယူမယ်လို့လည်း NUG က သတိပေးထားပါတယ်။

နိုဝင်ဘာလကုန်ပိုင်းကလည်း ထောက်ကြံ့လမ်းဆုံရှိ ဆိုင်ခန်းတွေကို ရှင်းလင်းဖျက်သိမ်းခဲ့ပြီး ခြံစည်းရိုးကာရံတာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013