DVB Logo
Home
မြန်မာသတင်း
၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး တန်ဖိုး ကျပ် ၁၀၉၀ ဘီလီယံနီးပါး ဖမ်းဆီးရမိ
DVB
·
December 15, 2022
၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး တန်ဖိုး ကျပ် ၁၀၉၀ ဘီလီယံနီးပါး ဖမ်းဆီးရမိ
Donate to DVB

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၂၇၆ မှုရှိခဲ့ပြီး ကာလတန်ဖိုးငွေကျပ် ၁၀၆၉ ဒသမ ၉၄ ဘီလီယံကျော်ဖိုးလောက် ဖမ်းဆီးရမိခဲ့တယ်လို့  စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။

နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟို အဖွဲ့အစည်းအဝေးမှာ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောခဲ့တာလို့ ပြည်ထဲရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အိုက်စ်မူးယစ်ဆေးက အများဆုံးဖမ်းမိကာ ဒီနှစ်မှာ ဖမ်းမိတာ ၂၁ ဒသမ ၇၅ တန်ရှိပြီး  ဒုတိယအများဆုံးက ဘိန်းဖြူ ၁ ဒသမ ၃၂ တန်နဲ့  WY စိတ်ကြွဆေးပြားအရေအတွက်  ၁၆၄ ဒသမ ၈၇ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အကောက်ခွန် ဦးစီးဌာနတို့ ပူးပေါင်း စီမံချက်ရေးဆွဲ ဖမ်းဆီးနေပေမဲ့ ထုတ်လုပ်ဖြန့်ချိသူတွေကတော့  ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

အငြိမ်းစားရဲမှူးကြီးတစ်ဦးက "မူးယစ်အဖွဲ့ချည်းပဲဆိုတော်သေးတယ်။ အခုက စစ်တပ်က ပါလာတော့ လက်ကြီးသမားတွေမမိဘူး။ ပြောရရင် အခုလို တန်နဲ့ မိတယ်ဆိုတာ သတင်းပေးလို့ စစ်တပ်က ပါလာရင် ကိုကြီး ညီလေးနဲ့ ကိစ္စ ပြတ်သွားရော စစ်တပ်နဲ့ ပူးပေါင်းပြီးလုပ်နေရင်တော့ ပပျောက်မှာမဟုတ်ဘူး"လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ကဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသူတွေ ဖမ်းဆီးတာမရှိဘဲ သုံးစွဲသူအများစုကိုသာ ဖမ်းဆီးတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်  မြို့နယ်တိုင်းလိုလိုမှာ မူးယစ်ဆေးဝါးတွေ လိုသလောက်ပေါပေါများများ ရရှိနေတာဖြစ်ပါတယ်။ 

အင်းစိန်မြို့ခံတစ်ဦးက "သူတို့ဖမ်းတယ်ဆိုလို့သာ ယုံရမှာ အင်းစိန်နဲ့လှိုင်သာယာ ဘက်မှာဆို WY တစ်လုံးကို ၂၅၀၊ ၃၀၀ ပဲရှိတယ် လိုသလောက်ရနေတာ။ ဖမ်းမိရင်လာဝယ်တဲ့ ကလေးတွေပဲ မိတယ်။ ရောင်းစားတဲ့သူမိတာရှားတယ်"လို့ ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၂၇၆ မှုရှိပြီး ကာလ တန်ဖိုးငွေကျပ် ၁၀၆၉ ဒသမ ၉၄ ဘီလီယံကျော်ကိုဖမ်း ဆီးရမိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီက  ဖမ်းဆီးရမိခဲ့တဲ့  မူးယစ်ဆေးဝါးမျိုးစုံ  ဒေါ်လာသန်း ၆၇၀ ဖိုးနီးပါး ရန်ကုန်။ မန္တလေးနဲ့ တောင်ကြီးတို့မှာ ၃ နေရာခွဲပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ ကြေညာခဲ့ပေမဲ့ လက်တွေ့မှာ သန်း၂၀၀ ဖိုးလောက်ကိုပဲ ဟန်ပြ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013