DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ဒေါ်လာဈေးနှင့် ရွှေဈေး အနည်းငယ်ပြန်တက်လာ
DVB
·
December 15, 2022
မြန်မာပြည်တွင်း ဒေါ်လာဈေးနှင့် ရွှေဈေး အနည်းငယ်ပြန်တက်လာ
Donate to DVB

အခုနှစ် စက်တင်ဘာလဆန်းပိုင်းကစလို့ တရိပ်ရိပ် ပြန်ကျဆင်းလာခဲ့တဲ့ အမေရိကန် ဒေါ်လာ နဲ့ မြန်မာကျပ်ငွေလဲနှုန်းဟာ အခုရက်ပိုင်းအတွင်းမှာ တဒေါ်လာကို ကျပ် ၂၉၀၀ နီးပါးအထိ  ပြန်လည်တက်ရိပ်ပြလာပါတယ်။

ရန်ကုန်နိုင်ငံခြားငွေဈေးကွက်မှာ ဒီဇင်ဘာ ၁၅ ရက် ဒီနေ့‎ နေ့လယ်ပိုင်းက အမေရိကန် တဒေါ်လာကို ဝယ်ဈေး ၂,၈၇၅ ကျပ်၊ ရောင်းဈေး ၂,၈၉၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတွေထံက သိရပါတယ်။

ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတဦးက “အရင်ရက်တွေက တောက်လျှောက်ဆင်းနေပြီးတော့ မနေ့က နည်းနည်းပြန်တက်လာတယ်။ ဒီနေ့ကျတော့ ၂,၉၀၀ ဝန်းကျင်လောက်ထိ ထပ်တက်လာတာ” လို့ ပြောပါတယ်။

ပြင်ပစျေးကွက်မှာ ဒေါ်လာငွေလဲနှုန်းနဲ့အတူ ရွှေစျေးနှုန်းလည်း လိုက်ပါမြင့်တက်ခဲ့ပြီး ဒီကနေ့ အခေါက်ရွှေ တကျပ်သားကို ၂,၆၉၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ စျေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

ပြည်တွင်း နိုင်ငံခြားငွေစျေးကွက်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက အမေရိကန် တဒေါ်လာကို ကျပ် ၄,၀၀၀ ကျော်ထိ စံချိန်တင် အမြင့်ဆုံးစျေး ရောက်ခဲ့ဖူးပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ၂,၁၀၀ ကျပ် တိုးမြှင့်သတ်မှတ်လိုက်ပြီးတဲ့ နောက်မှာ ကောလာဟလတွေနဲ့အတူ တဟုန်ထိုး မြင့်တက်သွားခဲ့တာဖြစ်ပြီး စက်တင်ဘာလဆန်းပိုင်းက စလို့ ဒေါ်လာစျေးရော ရွှေစျေးပါ တဖြည်းဖြည်း ပြန်ကျဆင်းလာခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ အမေရိကန် တဒေါ်လာကို ဝယ်စျေး ၂,၈၁၀ ကျပ် ရောင်းစျေး ၂,၈၅၀ ကျပ်နှုန်းနဲ့ အချိန်ကြာကြာ စျေးငြိမ်နေခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013