DVB Logo
Home
မြန်မာသတင်း
ရွာငံမြို့နယ်၌ လူငယ် ၃ ဦး ထောင်ဒဏ် ၁၂ စီချမှတ်ခံရ၊ အောင်ပန်း၌ ဆိုင်ကယ်စီး လူငယ် ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
December 15, 2022
ရွာငံမြို့နယ်၌ လူငယ် ၃ ဦး ထောင်ဒဏ် ၁၂ စီချမှတ်ခံရ၊ အောင်ပန်း၌ ဆိုင်ကယ်စီး လူငယ် ၁၀ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ လူငယ် ၃ ဦးကို ဒီဇင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တယ်တယ်လို့  မိသားစုအသိုက်အဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ငှက်ပျောတော ကျေးရွာရှိ ပြည်သူတွေရဲ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးကာ လူငယ် ၃ ဦးကို ပစ်ခတ်ဖမ်းဆီးပြီး ရွာငံမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားတာပါ။

လူငယ် ၃ ဦးဟာ ဖမ်းဆီးခံလိုက်ရပြီး ၅ လအကြာမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အပြင် အကြမ်းဖက်မှုပုဒ်မတွေနဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တာလို့  မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၁၄ ရက်ကလည်း ပင်းတယမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာလည်း ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက   ရိုးမဘဏ်လမ်းဆုံမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

အောင်ပန်းမြို့ ဒေသခံတဦးက “အောင်ပန်းမှာဆို ရိုးမဘဏ်လမ်းဆုံနဲ့ ဦးကောင်းစတိုး လမ်းတလျှောက်မှာ အဖမ်းအဆီးများတယ်။ အဲ့နေရာတွေမှာ လူငယ်တွေ ခဏခဏ အဖမ်းခံရတာ။ အခုလည်း ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို ဖမ်းတာ။ ဘာလို့ဖမ်းလဲ ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါ လူငယ် ၁၀ ဦးဟာ ဘာကြောင့်အဖမ်းခံရတာလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အောင်ပန်းမြို့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံ ပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေရပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ လက်ရှိအချိန်အထိ လူငယ် အယောက် ၂၀ ထက်မနည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013