DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးမြို့နယ်၌ စစ်တပ်က ပြည်သူပိုင်ငွေနှင့် ပစ္စည်းများအဓမ္မယူဆောင်၊ ဖျက်ဆီး
DVB
·
December 15, 2022
ကြာအင်းဆိပ်ကြီးမြို့နယ်၌ စစ်တပ်က ပြည်သူပိုင်ငွေနှင့် ပစ္စည်းများအဓမ္မယူဆောင်၊ ဖျက်ဆီး
1 / 3
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ပြည်သူပိုင်ငွေကြေးနဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်တာနဲ့ ကျန်ရှိပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့(စကခ- ၁၃) စကခမှူး မျိုးဆက်အောင်၊ လက်အောက်ခံ(နဗဟ-၂) နဗဟမှူး ကိုကိုထက်နဲ့ (ခမရ-၅၆၁) ဒုတပ်ရင်းမှူး ရန်အောင်ဦးဆောင်ပြီး (ခမရ-၃၃၉) တပ်ရင်းစစ်ကြောင်းနဲ့အတူ ကွီးလုံးတိုင်တပ်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ကြယ်ဖလဲကျေးရွာကို သွားရောက်ပြီး ဒေသခံရွာသား စောခလို့ဖိုးကိရဲ့ နေအိမ်ကနေ ဆိုလာပြား ၂ ချပ်၊ မြတ်ရိတ်စက်တခု ၊   ထိုင်းဘတ်ငွေ ၂၅၀၀ ကို အဓမ္မ လုယူသွားပြီး ဒယ်အိုး ၄ လုံးနဲ့  ဆန်ပုံး ၃ ပုံးကို  ဖျက်ဆီးခဲ့ပါတယ်။

ဒေသခံရွာသား တဦးက “ရွာမှာက အဲဒီကောင်တွေလာရင် ဘယ်သူမှမနေရဲဘူး။ လူမရှိတဲ့အချိန် သူတို့စိတ်တိုင်းကျယူတယ်။ ပြီးရင်ဖျက်ဆီးတယ်။ အခု စကခမှူး နဗဟမှူးတွေကိုယ်တိုင်က ပြည်သူပိုင်ပစ္စည်းခိုးယူတဲ့နေရာမှာ ကြံရာပါတွေ။ ဘယ်လောက်အခြေအနေဆိုးလဲဆို ခိုးမှစားရတဲ့ကောင်တွေ။ ပြီးရင် ရွာတွေပါမီးရှို့တဲ့ အဖျက်အမှောင့်စစ်တပ်”လို့ ပြောပါတယ်”

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တကုခီးကျေးရွာကိုပါဝင်ရောက်ပြီး ဒေသခံရွာသား စောဘလူမှူးရဲ့ VIVO ဖုန်းလုံး၊ စော‌ဒေးဒေးစိုးရဲ့ VIVO ဖုန်း တလုံး၊ စောတာကလို့ရဲ့ VIVO ဖုန်းတလုံး၊ စောထီးမှူးစျေးဆိုင်ကနေ ကာလတန်ဖိုး မြန်မာငွေကျပ် ၁၆၀၀၀၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုပါ အတင်းအဓမ္မယူဆောင်သွားခဲ့ပါတယ်။

အဲဒီနေ့ မနက် ၁၀ နာရီလောက်ကလည်း ဆိပ်ကြီးဗျူဟာမှူး အောင်မျိုးထွန်း ဦးဆောင်ပြီး ခလရ-၃၂ တပ်စခန်းကနေ (၁၂၀မမ) လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကာလီခီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး  ဒေသခံနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီလောက်က စစ်ကောင်စီရဲ့ ကော့ကရိတ်အမြာက်တပ်က တောင်ကြာအင်းစံပြကျေးရွာအတွင်းကို လက်နက်ကြီး (၁၅၀ မမ)နဲ့ ပစ်ခတ်ခဲ့လို့ တောင်ကြာအင်းဆေးရုံကုန်းနဲ့ ဒေသခံနေအိမ် ၂ လုံးပေါ်ကျရောက်ပေါက်ကွဲ မီးလောင်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013