DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ချင်းကာကွယ်ရေးတပ်ထံ လက်နက်ခဲယမ်းနှင့်အတူ CDM လုပ်
DVB
·
December 15, 2022
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ချင်းကာကွယ်ရေးတပ်ထံ လက်နက်ခဲယမ်းနှင့်အတူ CDM လုပ်
1 / 2
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းနဲ့ ဟားခါးမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်ခဲယမ်းနဲ့အတူ အာဏာဖီဆန် CDM လုပ်လာတယ်လို့ ဒီဇင်ဘာ ၁၅ ရက်မှာ   ချင်းကာကွယ်ရေးတပ် (CDF-Zophei) သတင်းပြန်ကြားရေးက ချင်းဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။

ခလရ(၂၆၆)တပ်ရင်းမှ တပ်သား သုံးဦးက ပြီးခဲ့တဲ့ စက်တင်ဘာလက သေနက် ၂ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ဆန် ၇၀၀ကျော်ယူဆောင်ကာ CDM ပြုလုပ်ခဲ့တာဖြစ်ပြီး ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးက‌တော့ ‌G3 သေနက်တစ်လက်၊ ကျည်ဆန် ၁၃၀ ကျော်၊ ကျည်ကာတစ်စုံ၊ တခြားပစ္စည်းတွေနဲ့အတူ နို၀င်ဘာ ၁၅ ရက်က အလင်းဝင်လာတာလို့ CDF-Zophei က ထုတ်ပြန်ပါတယ်။

အဆိုပါ CDM လုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ခလရ (၂၆၆) တပ်သား သုံးဦးကို ကျပ်သိန်း ၁၅၀ ဂုဏ်ပြုပေးအပ်ခဲ့ပြီး ရဲတပ်သားကိုတော့ ကျပ်သိန်း ၈၀ ပေးအပ်ခဲ့ကာ သူတို့ကို လုံခြုံတဲ့နေရာကို ပို့ဆောင်ခဲ့ပြီးမှ အခုလိုသတင်းထုတ်ပြန်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့  နိုဝင်ဘာ ၁၁ ရက်ကလည်း ခလရ(၂၆၆) တပ်ရင်းမှ စစ်ကောင်စီတပ်သား သုံးယောက် သေနတ်တစ်လက်နဲ့ ကျည်ဆန်တွေနဲ့ အတူ CDF ဆဲန်ထန် တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ပါတယ်။

Photo - Zophei Information centre

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013