Home
မြန်မာသတင်း
ရန်ကုန်- မော်လမြိုင် ကုန်ရထား မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
December 14, 2022
319729612_883380089333730_5809454694332564756_n
319664533_679505133845715_1087029303576188110_n
319387043_881010256267776_5719708906341763317_n
319890532_458731939671224_2702223008885887135_n

ရန်ကုန်-မော်လမြိုင်ရထားလမ်းမှာ ကုန်တင်ရထားတစီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် လက်ရှိပြေးဆွဲနေတဲ့ ရထားခရီးစဥ်တွေကို ယာယီရပ်ဆိုင်းထားခဲ့တယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်းရှိ သိမ်ဆိပ်နဲ့ ဒုံးဝန်ဘူတာကြားမှာ ဒီဇင်ဘာ ၁၃ ရက် ညက ကျောက်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီး လမ်းပိုင်းပျက်စီးသွားခဲ့သလို ရထားတွဲတွေလည်း ထိခိုက်ပျက်စီးကာ လူအသေအပျောက်တော့ မရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထား အာဏာပိုင်တွေက အသိပေးထားပါတယ်။

အဆိုပါ ရထားမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် လက်ရှိပြေးဆွဲနေတဲ့ ရန်ကုန်-မော်လမြိုင် ညရထား လေအိတ်တွဲဆိုင်း အစုန် အဆန် နှစ်စင်းလုံး ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတယ်လို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ ရထားလမ်းကို လက်ရှိအချိန်အထိ ပြင်ဆင်တာ မပြီးသေးလို့ ဒီဇင်ဘာ ၁၄ ရက်နေ့ ထွက်ခွာမယ့် ရန်ကုန်-မော်လမြိုင် အစုန်အဆန် နေ့ ရထားနှစ်စင်းရဲ့ ခရီးစဉ်တွေလည်း ထပ်မံဖျက်သိမ်းလိုက်ရတာပါ။

မြန်မာ့မီးရထားက ရထားခရီးစဥ်တွေ ပုံမှန်အခြေအနေ ပြန်ပြေးဆွဲနိုင်ဖို့အတွက် အပူတပြင်း ဆောင်ရွက်နေသလို ရန်ကုန်-မော်လမြိုင် ရထားကို မိုင်းခွဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024