ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်ခွင့်ပေးရန် တောင်းဆို

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အမြန်လုပ်ဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ဆုံးဖြတ်ခွင့်ပေးဖို့ ရှမ်းပြည်နယ်က အမျိုးသမီးတွေက တောင်းဆိုလိုက်ပါတယ်။ shan womenတောင်ကြီးမြို့မှာ ကျင်းပတဲ့ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၆ ချက်ကို ထုတ်ပြန်တောင်းဆိုလိုက်တာပါ။ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးကို ထိခိုက်စေတဲ့ မုဒိန်းမှု၊ အိမ်တွင်း အကြမ်းဖက်မှုနဲ့ လူကုန်ကူးတာတွေကနေ ထိထိရောက်ရောက် အကာအကွယ်ပေး ဖို့လည်း တောင်းဆိုထားပါတယ်။ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းပေါင်း ၆၀ ကျော်က အမျိုးသမီး ၁၅၀ လောက်တက်ရောက်ခဲ့ပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up