DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာမီးပွိုင့်တွင် ယာဥ် ၃ စီးဆင့်တိုက်မိပြီး ၁ စီးမီးလောင်
DVB
·
December 14, 2022
တောင်ဥက္ကလာမီးပွိုင့်တွင် ယာဥ် ၃ စီးဆင့်တိုက်မိပြီး ၁ စီးမီးလောင်
1 / 7
Donate to DVB

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ်ကွက်၊ ဝေဇယန္တာလမ်းနဲ့ ရတနာလမ်းထောင့်မီးပွိုင့်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က ယာဥ်သုံးစီးဆင့်တိုက်ခဲ့ရာ ယာဥ်တစီး မီးလောင်ပြီး လူသုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၁၂ နာရီဝန်းကျင်လောက်က မီးပွိုင့်အနီးမှာ Alphard အိမ်စီးယာဥ်၊ Mark ll အိမ်စီးယာဥ်နဲ့ လူနာတင်ယာဥ်တစီးတို့ တိုက်မိခဲ့ပြီး Mark ll ယာဥ်မှာ မီးလောင်ကျွမ်းပြီး အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတယောက်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဝေဇယန္တာလမ်းနဲ့ ရတနာလမ်းထောင့်မီးပွိုင့်နား ယာဥ်သုံးစီးဆင့်တိုက်တာ အောင်ရတနာဆေးရုံနဲ့ News Day ဆီဆိုင်နားဖြစ်တာ Mark ll  ကားကတော့ တစ်စီးလုံးမီးလောင် သွားတယ် Alphard လည်းတော်တော်ထိသွားတယ်။”

အဆိုပါယာဥ်တိုက်မှုကို တောင်ဥက္ကလာပမြို့နယ်မီးသတ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းတို့က ယာဥ်နှစ်စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ဒဏ်ရာရလူနာတွေကိုတော့ ပရဟိတအဖွဲ့က လူနာတင်ယာဥ်တွေနဲ့ စံပြဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိတဦးက ပြောပါတယ်။

မနေ့မနက်ပိုင်းကလည်း မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်းမဘေး လှည်းငုပ်ချောင်းကျေးရွာ ဘောလုံးစက်ရုံရှေ့မှာ ယာဥ်တစီး မီးလောင်ခဲ့လို့ မီးသတ်တွေက မီးငြှိမ်းသတ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013