DVB Logo
Home
မြန်မာသတင်း
COP15 ထိပ်သီးအစည်းအဝေး မြန်မာနိုင်ငံက ဌာနေတိုင်းရင်းသားများမဟာမိတ်အဖွဲ့ တက်ရောက်
DVB
·
December 13, 2022
COP15 ထိပ်သီးအစည်းအဝေး မြန်မာနိုင်ငံက ဌာနေတိုင်းရင်းသားများမဟာမိတ်အဖွဲ့ တက်ရောက်
Donate to DVB

လျော့ပါးလာတဲ့  ဇီဝမျိုးစုံမျိုးကွဲတွေကို  ထိန်းချုပ်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့  ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်သစ်တရပ်ချမှတ်နိုင်ရေး ဇီဝမျိုးစုံမျိုးကွဲ ထိပ်သီးအစည်းအဝေးတရပ်ကို ကနေဒါနိုင်ငံမှာ ကျင်းပရာမှာ မြန်မာနိုင်ငံက ဌာနေတိုင်းရင်းသားများ မဟာမိတ်အဖွဲ့က အဆိုပါညီလာခံကို တက်ရောက်ခဲ့ပါတယ်။

COP15 ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ကျင်းပခဲ့ပေမယ့် ကိုဗစ်ကန့်သတ်ချက်တွေကို အစည်းဝေးကို ပြီးစီးအောင်မကျင်းပနိုင်ဘဲ အခု အပိုင်း ၂ အနေနဲ့ ကနေဒါနိုင်ငံ  မွန်ထရီရယ်မြို့မှာ ကျင်းပနေတာပါ။  ညီလာခံကို ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ လာမယ့် ၁၀ နှစ် ၂၀၃၀ အတွင်းချမှတ်မယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးချမှတ်ကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်ကိုယ်စားပြုအနေနဲ့ တက်ရောက်တာမရှိပေမယ့် ထိပ်သီးအစည်းအဝေးရဲ့ ကဏ္ဍတခုမှာ  ဌာနတိုင်းရင်းသားဆိုင်ရာအချက်တွေကို တင်ပြဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အဖွဲ့က တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးကိုတက်ရောက်တဲ့ ကရင်ဌာနေတိုင်းရင်းသားအဖွဲ့က ကရင်ဌာနေတိုင်းရင်းသား သံလွင်ငြိမ်းချမ်းရေးဥယျာဉ် တည်ထောင်သူတွေထဲက နာယကတဦးဖြစ်တဲ့ ပေါလ်စိန်ထွားကတော့  လာမယ့် ၁၀ နှစ်မှာ ချမှတ်မယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးမူဝါဒထဲ လူ့အခွင့်အရေးကို ထည့်သွင်းရေးဆွဲဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးခွဲထိန်းသိမ်းဖို့ မူဝါဒတွေထဲမှာ လူ့အခွင့်အရေးကို ထည့်သွင်းရေးဆွဲမှုမရှိဘူးဆိုရင် ချမှတ်ထားတဲ့မူဝါဒတွေ ပြီးပြည့်စုံလာမှာမဟုတ်ဘူး။ အရင့်အရင်တုန်းက လူ့အခွင့်အရေးကို မလေးစားမလိုက်နာခဲ့မှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိန်းရေးလုပ်ငန်းတွေ မဖြစ်မြောက်တဲ့အပြင် ပဋိပက္ခတွေဖြစ်လာစေတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားစေတယ်။ အထူးသဖြင့် အမျိုးသားဥယျာဉ်တွေ ရေဆွဲသတ်မှတ်တဲ့အခါမှာ၊ သဘာဝဘေးမဲ့တောတွေ ဖော်ဆောင်သတ်မှတ်တဲ့အခါမှာ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာ၊ သစ်တောတွေကို သိမ်းဆည်းမှုဖြစ်ပြီးတော့ သူတို့ အဲဒီဘေးမဲ့တောတွေက မောင်းထုတ်ပစ်တယ်။ ဒီအတွက် သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးခွဲ ထိန်းသိမ်းတဲ့နေရာမှာ လူ့အခွင့်အရေးတွေကို လေးစားတန်ဖို့ထားဖို့ မူဝါဒ ထည့်သွင်းချမှတ်ဖို့ ကျနော်တို့ ဆွေးနွေးတင်ပြခဲ့ပါတယ်။”

ဒီအချက်က မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားတင်မဟုတ်ဘဲ တကမ္ဘာလုံးက ဌာနေတိုင်းရင်းသားတွေ လာရောက်ပြီး တင်ပြခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ခု ဖေဖော်ဝါရီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပြီး စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်ခဲ့သလို သဘဝပဝတ်ဝန်းကျင်တွေလည်း ဖျက်ဆီးခံနေရကြောင်း စောပေါလ်စိန်ထွားက ပြောပါတယ်။

“နောက်လာမယ့် ၁၀ အနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စိုးရိမ်စရာအခြေအနေတွေ ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ရဲ့ အခြေအနေကို နားလည်ဖို့ လိုအပ်နေပြီး မြန်မာအာဏာရထားတဲ့ အစိုးရ့အဖွဲ့တွေရဲ့ အစီအစဉ်တွေကို မပံ့ပိုးမိစေဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ ပုံမှန်အားဖြင့် အစိုးရနဲ့ ပူးပေါင်းပြီး အစီအစဉ်တွေကို ပံ့ပိုးလေ့ရှိတဲ့အတွက် ကျနော်တို့ ဌာနတိုင်းရင်းသားတွေအတွက် အခက်အခဲဖြစ်စေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်တွေ ရှိတဲ့နေရာတွေဟာ ကျနော်တို့ ဌာနတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့နေရာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဌာနေ တိုင်းရင်းသားတွေရဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို လာရောက်တင်ပြတာဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဇီဝမျိုးကွဲတွေ ထိန်းသိမ်းရေးမှာ ဌာနေတိုင်းရင်းသားတွေကို တိုက်ရိုက်ပံ့ပိုးကူညီသင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် သဘာဝပတ်ဝန်းကျင်အတွက် နေရာကောင်းတွေဟာ ကျနော်တို့ ဌာနေတိုင်းရင်းတွေရှိနေတဲ့ နေရာမှာပဲ ရှိတယ်။ ပြီးတော့လည်း ကျနော်တို့အနေနဲ့လည်း သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ ကျနော်တို့ ယဉ်ကျေးမှုတွေကို နှစ်ရာနဲ့ချီပြီးတော့လည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ ထိန်းသိမ်းလာခဲ့တဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဆီမှာရှိနေတဲ့ အရင်းအမြစ်တွေ မပပျောက်ဖို့ ကျနော့်တို့ ပံ့ပိုးကူညီမှုတွေလိုအပ်နေပါတယ်။”

ဒီသတင်းအချက်လက်တွေကို ဒီ COP15 ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးပြီး မူဝါဒချမှတ်တဲ့နေရာမှာ ထည့်သွင်းပေးဖို့ သတင်းအချက်အလက်တွေ ပေးတာဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၂၅၀၀ ကျော် သတ်ဖြတ်ခံခဲ့ပြီး ၁၆၀၀၀ လည်း ဖမ်းဆီးခံခဲ့ရသလို လူ ၁ သန်းကျော်လည်း စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အဲဒီထဲမှာ ထက်ဝက်ကျော်ဟာ ဌာနေတိုင်းရင်းသားလူတွေမျိုးတွေ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံက ဌာနတိုင်းရင်းသားအဖွဲ့အစည်းအတွင်း တင်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013