DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ရဲတပ်ဖွဲ့က ဆိုင်ကယ်လိုက်ဖမ်းပြီး ပြန်ရွေးခိုင်းကာ အဂတိလိုက်စား ငွေရှာနေ
DVB
·
December 13, 2022
ပြည်မြို့တွင် ရဲတပ်ဖွဲ့က ဆိုင်ကယ်လိုက်ဖမ်းပြီး ပြန်ရွေးခိုင်းကာ အဂတိလိုက်စား ငွေရှာနေ
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့ပေါ်မှာ  စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြ ညဘက် ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ငွေကျပ်တသိန်းနဲ့ အဓမ္မပြန်ရွေးခိုင်းကာ အဂတိလိုက်စား ငွေရှာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆိုင်ကယ်တွေကို ပြည်မြို့အမှတ် (၁) ရဲစခန်းရှေ့၊ စိန်ဘန္ဒာဒိန်ချဥ်ဆိုင်နားနဲ့ ဘုရင့်ရုံရှေ့တွေကနေ ရဲတပ်ဖွဲ့ဝင်တွေက လူမမြင်အောင်ပုန်းအောင်းစောင့်နေပြီး ဖြတ်သန်းသွားတဲ့ ဆိုင်ကယ်တွေကို တားဆီးကာ အနီးဆုံးရဲစခန်းထဲကို လူရော ဆိုင်ကယ်ပါ သယ်ယူသွားပြီး ငွေညှစ်နေတာလို့ မြို့ခံ တယောက်က ပြောပါတယ်။ 

“အရင်ကတော့ ညဘက်ဆိုင်ကယ်ဖမ်းတာာ တခါမှမကြားဖူးပါဘူး။ အခုမှ ဖမ်းတာ၊ ရဲတွေပဲပါတယ်၊ ကညနလည်း မပါဘူး။ တရားသူကြီးလည်းမပါဘူး။ အရင်တုန်းက နေ့ဘက်ပဲ ဖမ်း တာ၊ ဖမ်းပြီးရင်ဆိုင်ကယ်တွေ အားလုံးကို တရားရုံးကို ကားတွေနဲ့သယ်သွားပြီး တရက်တည်းနဲ့ပဲ တရားရုံးကအမိန့်ချပြီး၊ ဒဏ်ငွေဆောင်ပြီး၊ ဆိုင်ကယ်ပြန်ပေးတာ၊ အခုက ဘယ်တရားရုံးကိုမှလည်း ခေါ်မသွားဘူး၊ ညတွင်းချင်းပဲ ငွေတသိန်းတောင်းတယ် ပေးရင်ချက်ချင်းပြန်လွှတ်ပေးတယ်။ ဆိုင်ကယ်အပေါ်ကြည့်တောင်းတာ၊ ဘီးကြီးတွေဆို တသိန်းနဲ့မရဘူး၊ ရွေးခိုင်းတာ။ ခိုးကြောင်ခိုးဝှက်နဲ့ ဘာအထောက်အထား စာရွက်စာတန်းမှလည်းပြန်မပေးဘူး။ ဖမ်းပြီး ရင့်တဲ့သဘော ပေါ်တင်ငွေရှာတဲ့ပုံစံပဲ။”

ငွေပါမလာတဲ့ ဆိုင်ကယ်စီးလူငယ်တွေကိုလည်း ရဲကဖမ်းထားပြီး ငွေပေးမှ ပြန်လွတ်မှာဖြစ်တဲ့အတွက် မိဘဆွေမျိုးတွေက ရပ်ကွက်ထဲ နေ့ပြန်တိုးနဲ့ ငွေလိုက်ချေးငှားကာ ကလေးတွေကို လိုက်ထုတ်ရွေးနေရတယ်လို့လည်းဆိုပါတယ်။

ငွေကျပ် တသိန်းပေးပြီးမှ ပြန်လွတ်လာသူတဦးက ''ကျနော်တို့ နှစ်ယောက်က ညဘက်မှ အလုပ်ကပြီးတာ၊ ခါတိုင်းလိုပဲ လုံခြုံရေးချထားတယ်ထင်တော့ ကိုယ့်ဟာကိုယ်ပဲ အေးဆေးလေးမောင်းနေတာကို အတင်းတားပြီး အမှတ်(၂)ရဲစခန်းထဲကို အတင်းစွဲသွင်းတာ  အထဲကျတော့ ဆိုင်ကယ်လိုင်စင်မရှိလို့ ဖမ်းတာတဲ့၊ ပြီးခဲ့တဲ့ရက်က ပေါင်းတည်မြို့နယ်ထဲမှာ လိုင်စင်မပါတဲ့ဆိုင်ကယ်နဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာကို ဗုံးနဲ့ပစ်ပြီး စစ်သားကိုဖမ်းသွားလို့အခုလို လိုင်စင်မဲ့ ဆိုင်ကယ်တွေကိုဖမ်းနေတာ၊ တကယ်ဆိုရင် ဆိုင်ကယ်သိမ်းပြီး လူကို အချုပ် ၁၅ ရက်ချရမှာ၊ မင်းတို့ကို သနားလို့ ပြန်လွှတ်ပေးတာဆိုပြီး ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပြီး ပြန်လွှတ်ပေးတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၁၁ ရက် တနေ့တည်း  အမှတ် (၁) ရဲစခန်းမှာ  ဆိုင်ကယ် ၁၀ စီးကျော်ဖမ်းမိပြီး အား လုံးဆီကနေ အဓမ္မ ငွေတောင်းပြီး ပြန်လွှတ်ပေးတဘ်လို့  အမှတ် (၁) ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013